25 C
Yangon

ထားဝယ်အကျဉ်းထောင်တွင် အကျဉ်းသား ၅ ဦးကို ပြင်ပသို့ ထုတ်၍ အလုပ် ခိုင်းနေစဉ် အစောင့် ဝန်ထမ်း ၂ ဦးကို သတ်ပြီး အကျဉ်းသားများ လွတ် မြောက် သွား

Must read

ထားဝယ်အကျဉ်းထောင်တွင် အကျဉ်းသား ၅ ဦးကို ပြင်ပသို့ ထုတ်၍ အလုပ် ခိုင်းနေစဉ် အစောင့် ဝန်ထမ်း ၂ ဦးကို သတ်ပြီး အကျဉ်းသားများ လွတ် မြောက် သွား

ရန်ကုန်၊ အောက်တိုဘာ ၂

တနင်္သာရီတိုင်း ထားဝယ်အကျဉ်းထောင်တွင် အကျဉ်းသား ၅ ဦးကို ပြင်ပသို့ ထုတ်၍ အလုပ်ခိုင်းနေစဉ် အစောင့်အဖြစ် လိုက်ပါနေသော အကျဉ်းဦးစီးဌာန ဝန်ထမ်း ၂ ဦးကို သတ်ဖြတ်ပြီး အကျဉ်းသားများ လွတ်မြောက်သွားကြောင်း ပြည်ထဲရေး သတင်းရင်းမြစ်က ပြောသည်။

စက်တင်ဘာလ ၃၀ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန် ထားဝယ်အကျဉ်းထောင်မှ အကျဉ်းသား ၅ ဦးကို ကားဖြင့် ဇီးကျကျေးရွာအနီး အကျဉ်းထောင်သစ် မြေနေရာ သို့ သွားရောက်ပြီး ရှင်းလင်း ခုတ်ထွင်ထားသည့် ရာဘာထင်များကို သယ်ဆောင်ဆောင်ခိုင်းခဲ့ကြောင်း၊ ယင်းနောက် စက်တင်ဘာလ ၃၀ ရက်နေ့ ညနေ ၃ နာရီအထိ အကျဉ်းသားများနှင့် တာဝန်ကျ အကျဉ်းဦးစီးဌာန ဝန်ထမ်းများ ပြန်မလာသဖြင့် လိုက်လံစစ်ဆေးရာ ဝန်ထမ်း ၂ ဦး စလုံး သေဆုံးနေကြောင်း၊ အကျဉ်းသား ၅ ဦးစလုံးလည်း လွတ်မြောက်သွားကြောင်း သိရှိရသည်။

“အောက်တိုဘာ ၁ ရက်နေ့မှာ ရေဝိုင်းလမ်းဆုံစခန်းရဲ့ အရှေ့ဘက်မှာ အကျဉ်းဦးစီးဌာန ဝန်ထမ်း ၂ ဦး ရဲ အလောင်း ပြန်တွေ့တယ်။ အကျဉ်းဦးစီးဌာန တပ်သား လွင်ငြိမ်းနဲ့ အောင်ဘိုဘိုထွဋ် အသတ်ခံရတယ်။ အကျဉ်းသားတွေ အားလုံး လွတ်မြောက်သွားတယ်” ဟု ပြည်ထဲရေး သတင်းရင်းမြစ်က ပြောဆိုသည်။

အကျဉ်းဦးစီးဌာန ဝန်ထမ်း ၂ ဦး အသတ်ခံရပြီး အကျဉ်းသား ၅ ဦး လွတ် မြောက် သွားမှုကို ပြန်လည်ဖမ်းဆီးရန် စစ်ကောင်စီက ဂိတ်များ ပိတ်ဆို့ပြီး အကျဉ်း သား ၅ ဦး အမည်စာရင်း၊ ဓာတ်ပုံများကို ရဲစခန်းနှင့် စစ်တပ်ထံသို့ ပေးပို့ထားကြောင်း သိရှိရသည်။

ဓာတ်ပုံ- သေဆုံးနေသည့် အကျဉ်းဦးစီးဌာန ၀န်ထမ်း ၂ ဦး၏ ရုပ်အလောင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article