29 C
Yangon

ဆားလင်းကြီးမြို့ရှိ စစ်တပ် တပ်စွဲထားသော မြို့မ ရဲစခန်းနှင့် တရားရုံး တို့ကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

Must read

ဆားလင်းကြီးမြို့ရှိ စစ်တပ် တပ်စွဲထားသော မြို့မ ရဲစခန်းနှင့် တရားရုံး တို့ကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၂

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော မြို့မ ရဲစခန်းနှင့် တရားရုံး တို့ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ယင်းမာပင်ခရိုင် အမှတ် ၁၁ ၊ ၁၇ ၊ ၂၈ ၊ ၂၉ ၊ ၄ တပ်ရင်း၏ ဗျူဟာမှူး ကိုနေနိုင် က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၃၀ ရက်နေ့ ညပိုင်းတွင် ဆားကြီးမြို့ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော မြို့မ ရဲစခန်းနှင့် တရားရုံးကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ၃ ဦးထက်မနည်း သေဆုံးကာ တော်လှန်ရေး တပ်ဖွဲ့ဘက်မှ ရဲဘော် ပေါက်ကြီး နှင့် ရှမ်းလေး LDF မှ ရဲဘော်တို့ ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး မစိုးရိမ်ရကြောင်း သိရသည်။

” စစ်ခွေးတွေ တပ်စွဲထားတဲ့ မြို့မရဲစခန်းနဲ့ ခွေးအထိုင်ချတဲ့ တရားရုံးကို ဝင်ရောက် တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေး ၃ ကောင်ထက်မနည်း သေဆုံးတယ်” ဟု ယင်းမာပင်ခရိုင် အမှတ် ၁၁ ၊ ၁၇ ၊ ၂၈ ၊ ၂၉ ၊ ၄ တပ်ရင်း၏ ဗျူဟာမှူး ကိုနေနိုင် ကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် အမှတ် ၁၁ ၊ ၁၇ ၊ ၂၈ ၊ ၂၉ ၊ ၄ တပ်ရင်း၏ ဗျူဟာမှူး နေနိုင် နှင့် ဒုဗျူဟာမှူး မိုက်တီး တို့ ဦးစီးပြီး ယင်းမာပင်ခရိုင် တပ်ရင်း ၇ ၊ Monywa Invertar LDF ရှမ်းလေး LDF တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article