30 C
Yangon

ပေါက်မြို့နယ်တွင် မင်းတပ်သို့ ရိက္ခာပို့ရန် လာသည့် ကား အစီး ၇၀ ကျော်ပါ စစ်ယာဥ်တန်းကို တားဆီးရန် အုန်းတောတံတားကို မိုင်းခွဲ ရှင်းလင်း

Must read

ပေါက်မြို့နယ်တွင် မင်းတပ်သို့ ရိက္ခာပို့ရန် လာသည့် ကား အစီး ၇၀ ကျော်ပါ စစ်ယာဥ်တန်းကို တားဆီးရန် အုန်းတောတံတားကို မိုင်းခွဲ ရှင်းလင်း

ရန်ကုန်၊ အောက်တိုဘာ ၅

မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် မင်းတပ်သို့ ရိက္ခာပို့ရန် လာသည့် အကြမ်းဖက် စစ်တပ်၏ ကား အစီး ၇၀ ကျော်ပါ စစ်ယာဥ်တန်းကို တားဆီးရန် အုန်းတော တံတားကို မိုင်းခွဲလိုက် ပေါက်မြောက်ပိုင်း ကာကွယ်ရေးအဖွဲ့မှ ဗိုလ်လရောင်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၃၀ ရက်နေ့ နှင့် အောက်တိုဘာလ ၃ ရက်နေ့တို့တွင် မင်းတပ် သို့ ရိက္ခာပို့ရန် လာသည့် အကြမ်းဖက် စစ်တပ်၏ ကား အစီး ၇၀ ကျော်ပါ စစ်ယာဥ်တန်းကို တားဆီးရန် ပေါက်မြို့နယ်ရှိ ချောင်းကူးတံတားဖြစ်သော အုန်းတောတံတားကို တော်လှန်ရေး တပ်ဖွဲ့များက ၂ ကြိမ် မိုင်းခွဲ ရှင်းလင်း ခဲ့ကြောင်း သိရသည်။

စစ်တပ်၏ ရိက္ခာပို့ယာဥ်တန်းသည် စက်တင်ဘာလ ၂၉ ရက်နေ့ မှစတင်ကာ ပခုက္ကူမြို့ရှိ အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ်မှ ပေါက်မြို့နယ်သို့ ထွက်ခွာ လာကြောင်း၊ စစ်ယာဥ်တန်း လုံခြုံရေးအတွက် အင်အား ၂၀၀ ကျော်ပါ စစ်တပ် စစ်ကြောင်းက နယ်မြေရှင်းလင်းရေးများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရ သည်။

” အခုလက်ရှိ ရိက္ခာကားတန်းက ယာကြီးပြင်ပျူစောထီးရွာမှာရှိနေတယ်။ ရိက္ခာ ယာဥ်တန်းကို တားဆီးဖို့ ပေါက်မြို့နယ်အကြားက ချောင်းကူးတံတား ၁ စင်း ဖြစ်တဲ့ အုန်းတော တံတားကို တော်လှန်ရေး ရဲဘော်တွေက မိုင်းခွဲ ရှင်းလင်း ခဲ့တယ်။ အဲဒီစစ်ခွေး ယာဥ်တန်းက ပခုက္ကူတပ်မ ၁၀၁ ကနေ လာတဲ့ ရိက္ခာ ယာဥ်တန်းပါ။ ကားအစီးရေ ၇၀ ကျော်ပါတယ် ချင်းပြည်နယ် မင်းတပ် ဘက်ကို ဦးတည်ပြီးလာတဲ့ ယာဥ်တန်းပါ” ဟု ပေါက်မြောက်ပိုင်း ကာကွယ်ရေး အဖွဲ့မှ ဗိုလ်လရောင်က ပြောဆိုသည်။

အဆိုပါ ကား အစီး ၇၀ ကျော်ပါစစ်ယာဥ်တန်းသည် လက်ရှိချိန်တွင် လမ်းပိုင်း များ ဖြတ်တောက်ခံထားရသောကြောင့် ရှေ့သို့ ဆက်လက် ထွက်ခွာနိုင် ခြင်းမရှိဘဲ ယာကြီးပြင် ပျူစောထီးရွာတွင် တပ်ချထားကြောင်း သိရသည်။

Photo – ၂၀၂၂ ခုနှစ် မေလ ၃၀ ရက်နေ့က တော်လှန်ရေး တပ်ဖွဲ့များ မိုင်းဆွဲ တိုက်ခိုက်ထားသည့် အုန်းတောတံတားအား တွေ့ရစဥ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article