31 C
Yangon

မုံရွာမြို့နယ်၊ တောပုကျေးရွာရှိ ပျူစောထီး ကင်းစခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံး

Must read

မုံရွာမြို့နယ်၊ တောပုကျေးရွာရှိ ပျူစောထီး ကင်းစခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၆

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုကျေးရွာအနီးရှိ ပျူစောထီး ကင်းစခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၅ ဦး သေဆုံးခဲ့ကြောင်း Special Force-11(PDF) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အောက်တိုဘာလ ၄ ရက် နံနက် ၅ နာရီခန့်က အကြမ်းဖက် စစ်သား၊ ပျူစောထီးများ တပ်စွဲထားသော မုံရွာမြို့နယ်၊ တောပုကျေးရွာအနီးရှိ ပျူစောထီး ကင်းစခန်းတစ်ခုကို ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ကင်းစခန်းကို စီးနင်း သိမ်းပိုက်နိုင်ခဲ့ပြီး ပျူစောထီး ၅ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ပျူကင်းမှာက ၁၅ ဦးလောက်ပဲရှိမယ်ဗျ၊ ဝင်တိုက်တဲ့အချိန် မိနစ် ၄၀ လောက်ကြာတဲ့အထိ အပြန်အ လှန်ပစ်ခဲ့ရတယ်၊ ပျူတွေက လက်နက်ခဲယမ်းတွေကို အမိအရ ထုတ်ပြီး ထွက်ပြေးတာဗျ၊ ပြေးရင်းလွှား ရင်းလဲကျတွေလည်း မြင်ခဲ့ရတယ်၊ မလှမ်းမကမ်းမှာ သေနေတာတွေလည်း တွေ့ခဲ့ရတယ်၊ ပျူကင်းစ ခန်းထဲမှာရှိတဲ့ပစ္စည်းတွေကို ဖျက်ဆီးပြီး ကင်းစခန်းကို မီးရှို့ပေးခဲ့တယ်၊” ဟု Special Force-11(PDF) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

တိုက်ပွဲ ဖြစ်ပွားနေချိန်အတွင်း တောပုကျေးရွာအတွင်းမှ အကြမ်းဖက် စစ်သားများနှင့် ပျူစောထီးများက စစ်ကူ ထွက်လာခြင်းမရှိနိုင်စေရန် တောပုကျေးရွာအတွင်းကို ရှော့တိုက်ဒုံး ၆ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီးများ နေထိုင်သည့် နေအိမ် ၁ လုံးကို ထိမှန်ကာ မီးလောင်ပျက်စီးခဲ့ကြောင်း၊ တောပုကျေးရွာအတွင်းမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ် မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

“အဝေးကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တော်တော်များများ ကောင်တာ ပြန်ပစ်တယ်ဗျ၊ ကျနော်တို့ဘက်က လက်နက်ကြီးနဲ့ထုတော့ ပျူတွေ အထိနာတယ်လို့ အတွင်းသတင်းရတယ်၊ သေသွား တဲ့ ပျူစောထီး ၅ ဦးကို ညတွင်းချင်း သင်္ဂြိုလ်တယ်လို့ သိရတယ်၊ ဒဏ်ရာရတဲ့ ပျူတွေကို ဆေးရုံပို့ဖို့ လူမှု ကူညီရေးအသင်းကား ၂ စီးကို ညကတည်းက ခေါ်ထားတာ အဲဒီကား ၂ စီးက အခုထိ ပြန်မထွက်သေး ဘူး”ဟု Special Force-11(PDF) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Special Force-11(PDF) ၊ Monywa Special ဒိတ်ဒိတ်ကြဲတပ်ဖွဲ့၊ သပြေညို ပျောက်ကြားတပ်ဖွဲ့၊ Monywa Dynamite(STF) တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ စစ်အသုံးစရိတ် ပြန်လည် ဖြည့်တင်နိုင်ရန်နှင့် မစ်ရှင်များ ဆက်လက်ဖော်ဆောင် သွားနိုင်ရန် အတွက် ပြည်သူများ ဝိုင်းဝန်းကူညီထောက်ပံ့ပေးကြပါရန် Special Force-11(PDF) က မေတ္တာရပ်ခံ ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article