31 C
Yangon

မင်းလှမြို့ရှိ ရေနံတွင်းများကို သရက်ခရိုင် အုပ်ချုပ်ရေးမှူးက ငွေကြေး အများအပြားရယူပြီး ခိုးတူးခွင့်ပေး၊ ပြည်သူများ ရေနံတူးပါက ဖမ်းဆီး တရားစွဲ

Must read

မင်းလှမြို့ရှိ ရေနံတွင်းများကို သရက်ခရိုင် အုပ်ချုပ်ရေးမှူးက ငွေကြေး အများအပြားရယူပြီး ခိုးတူးခွင့်ပေး၊ ပြည်သူများ ရေနံတူးပါက ဖမ်းဆီး တရားစွဲ

ရန်ကုန်၊ အောက်တိုဘာ ၈

မကွေးတိုင်း၊ မင်းလှမြို့ရှိ ရေနံတွင်းများကို သရက်ခရိုင် အုပ်ချုပ်ရေးမှူးက ငွေကြေး အများအပြားရယူပြီး ခိုးတူးခွင့်ပေးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

သရက် ခရိုင် အုပ်ချုပ်ရေမှူး တင်မျိုးလတ်သည် ၂၀၁၉ ခုနှစ်မှစ၍ ဗိုလ်ကြီးအဆင့်နှင့် အရပ်ဘက်ပြောင်းလာသူဖြစ်ပြီး ရေနံတွင်းများကို အကြမ်းဖက် စစ်ကောင်စီက ပိတ်ထားသော်လည်း ၎င်းကို လာဘ်ငွေပေးထားသည့် ရေနံတွင်းများအား နေ့ရော ညပါ ရေနံတူးဖော်ခွင့် ပေးထားကြောင်း သိရသည်။

“ရေနံတွေ စကစက ပိတ်ထားပေမယ့် သူ့ပါတနာ ရေနံတွင်းတွေဆိုရင် နေ့ရော ညရောခပ်နေကြတာ။ အဲဒီ ခရိုင် အုပ်ချုပ်ရေးမှူးက ဗိုလ်ချုပ်အောင်လင်းဒွေးကို သွားသွားကန်တော့တယ်။ ရေနံကိစ္စနဲ့ ပြည်ထောင်စု တိုင်လည်း မပြောင်းရအောင် သွားသွားကန်တော့တယ်။ ရုံးချုပ်မှာ အပြောင်းအမှုတွဲဖိုင်ပါတာကို အောင်လင်းဒွေးက ပြန်သိမ်းခိုင်းလို့ မပြောင်းရဘူး။ အောင်လင်းဒွေးနဲ့ ဆက်သွယ်ပေးသူက DSA28က ဗိုလ်ကြီးစိုးညွန့်ဆိုသူက ဆက်သွယ်ပေးခဲ့တာ ဦးစိုးညွန့်ကိုလဲ သူ့အပိုင်ထဲမှာ ရေနံနှင့်အခြားသော လုပ်ငန်းတွေ လုပ်ပိုင်ခွင့်ပေးထားတယ် ”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

လက်ရှိချိန်တွင် သရက်ခရိုင်အတွင်း ရေနံခိုးတူးမည်ဆိုပါက အုပ်ချုပ်ရေးမှူး တင်မျိုးလတ်က ခွင့်ပြုလျှင် တူးခွင့်ရကြောင်း၊ ထိုသို့ တူးခွင့်ရရန် ငွေကြေး အမြောက်အများ ပေးရ​ပြီး ၎င်း၏ ပါတနာ ရေနံတွင်းမှာ ဘန်းပြင် တွင် အဓိက တူးနေကြောင်း၊ ကျင်းတစ်ပေါက်တူးလျှင် သိန်း ၃၀ ပေးဆောင်ရသည်ဟု ကြားသိရကြောင်း ဒေသပြည်သူများက ဆက်လက်ပြောဆိုသည်။

သရက်ခရိုင် အုပ်ချုပ်ရေးမှူးကို ငွေကြေး ပေးဆောင်နိုင်ခြင်း မရှိသော ဒေသပြည်သူများက ရေနံသွားရောက် တူးဖော်လျှင် ဖမ်ဆီး တရားစွဲဆိုမှုများ ပြုလုပ်ပြီး လက်ရှိချိန်တွင် တရားစွဲဆိုခံထားရသူ ၃၆ ဦးထိ ရှိကြောင်း သိရှိရသည်။

“သရက်မြို့နယ်ထဲမှာပဲ တဇီးကောက်ရေနံမှော်မှာ ဖမ်းထားတာ ၃၆ ဦး သရက်တရားရုံးမှာ အမှုရင်ဆိုင်နေရတယ်။ ကျေးရွာက တူးတဲ့ လူတွေကျတော့ ဖမ်းတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article