29 C
Yangon

ကရင်နီပြည်နယ် ရှေ့တန်း စစ်မျက်နှာပြင်တွင် အမျိုးသမီး စစ်သည်များပါ ပူးပေါင်း တာဝန် ထမ်းဆောင်နေ

Must read

ကရင်နီပြည်နယ် ရှေ့တန်း စစ်မျက်နှာပြင်တွင် အမျိုးသမီး စစ်သည်များပါ ပူးပေါင်း တာဝန် ထမ်းဆောင်နေ

ရန်ကုန်၊ အောက်တိုဘာ ၉

ကရင်နီပြည်နယ် ရှေ့တန်း စစ်မျက်နှာပြင်တွင် အမျိုးသမီး စစ်သည်များပါ ပူးပေါင်း တာဝန် ထမ်းဆောင်နေကြောင်း ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် တပ်ရင်းအမှတ် ၅ က ထုတ်ပြန်ထားသည်။

နွေဦးတော်လှန်ရေးတွင် အမျိုးသမီးများသည် အဖက်ဖက်မှ ပါဝင်ရုံတင် မကဘဲ KNDF ၏ ပထမဆုံး အမျိုးသမီးတပ်ခွဲ (တပ်ခွဲ – ၄ ) အဖြစ် တပ်ရင်း အမှတ် ၅ တွင် ပါဝင်လာသည်မှာ တစ်နှစ်‌ကျော်ပြီဖြစ်ကြောင်း သိရှိရသည်။

အမျိုးသမီးများ ပါဝင်လာသည့် နိုင်ငံရေး၊ တော်လှန်ရေးကို ကြည့်ခြင်းအားဖြင့် နိုင်ငံရေး ယဉ်ကျေးမှု အဆင့်အတန်း မြင့်မားလာသည်ကို ပြသနေခြင်းနှင့်အတူ ယနေ့ နွေဦးတော်လှန်ရေးသည် ယခင်လို တောခိုတော်လှန်ရေး မဟုတ်တော့ဘဲ အမျိုးသမီး‌‌များ အပါအဝင် နည်းပညာ‌‌များနှင့်အတူ လူထုက အင်တိုက်အားတိုက် ပါဝင်လာသည့် တော်လှန်ရေး တစ်ခုဖြစ်ကြောင်း၊ အမျိုးသမီးများ ခံစားခဲ့ရသည့် အကြမ်းဖက်မှုများ ၊ ဖိနှိပ်မှုများ ၊ ခွဲခြားဆက်ဆံများအတွက် နောင်တစ်ချိန် ဖယ်ဒရယ်စနစ် ထူထောင်သွားသည့်အခါ နိုင်ငံရေးစကားဝိုင်းများ ၊ ညှိနှိုင်းမှုများ ၊မူဝါဒများ ရေးဆွဲသည့် အခါ အမျိုးသမီးများ ပါဝင်နိုင်ရန် ဆက်၍ ကြိုးစားရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article