24 C
Yangon

အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခ နှစ်ဖက် သေဆုံးမှု ထပ်မံမြင့်တက်နေပြီး လူဦးရေ ၁၃၀၀ ကျော်သေဆုံး၊ သေဆုံးသူများတွင် နိုင်ငံပေါင်းများစွာမှ ပြည်သူများလည်း ပါဝင်နေ

Must read

အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခ နှစ်ဖက် သေဆုံးမှု ထပ်မံမြင့်တက်နေပြီး လူဦးရေ ၁၃၀၀ ကျော်သေဆုံး၊ သေဆုံးသူများတွင် နိုင်ငံပေါင်းများစွာမှ ပြည်သူများလည်း ပါဝင်နေ

ရန်ကုန်၊ အောက်တိုဘာ ၉

အရှေ့အလယ်ပိုင်းဒေသတွင် အောက်တိုဘာလ ၇ ရက်နေ့ စတင်ခဲ့သော အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခတွင် နှစ်ဖက်သေဆုံးမှု ထပ်မံမြင့်တက်လာနေပြီး လူဦးရေ အနည်းဆုံး ၁၃၀၀ ကျော် သေဆုံးသွားကာ နိုင်ငံပေါင်းများစွာမှ ပြည်သူတချို့လည်း သေဆုံးသူများတွင် ပါဝင်ကြောင်း သိရှိရသည်။

လက်ရှိတွင် အစ္စရေးက ဂါဇာဘက်သို့ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများကို ဆက်တိုက် လုပ်ဆောင်နေသဖြင့် သေဆုံးသူ ပါလက်စတိုင်း ပြည်သူ ၅၆၀ ကျော်ရှိလာကာ ဒဏ်ရာရရှိသူ ထောင်ပေါင်းများစွာရှိနေကြောင်း၊ ဟားမတ်တို့ကလည်း အစ္စရေး နိုင်ငံအတွင်းသို့ တိုက်ခိုက်မှုများစွာ လုပ်ဆောင်နေပြီး အစ္စရေး ပြည်သူ ၈၀၀ ကျော်သေဆုံးခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခတွင် အစ္စရေး ရောက်ရှိနေသော ထိုင်း၊ အမေရိကန်၊ ပြင်သစ်၊ ဂျာမနီ အပါအဝင် နိုင်ငံများစွာမှ ပြည်သူတချို့လည်း ထိခိုက်ဒဏ်ရာရရှိခြင်း၊ သေဆုံးခြင်းများရှိနေကြောင်း သိရှိရသည်။

ဓာတ်ပုံ- ဂါဇာမြို့ကို အစ္စရေးက တိုက်ခိုက်သဖြင့် ပေါက်ကွဲမှုများ ဖြစ်ပေါ် နေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article