Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ အောက်တိုဘာ ၁၁ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-ကချင်ပြည်နယ်၊ လိုင်ဇာမြို့မှာ မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်စခန်းက ကလေးငယ် တွေနဲ့ အရပ်သားပြည်သူတွေ သေဆုံးမှုအပေါ် ကုလသမဂ္ဂအတွင်းရေး မှူးချုပ် အန်တိုနီယို ဂူတာရက်စ် အနေနဲ့ စိုးရိမ်ထိတ်လန့်မိတယ်လို့ အတွင်းရေး မှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ က ပြောလိုက်ပါတယ်။
– ကချင်ပြည်နယ် ၊ လိုင်ဇာ စစ်ဘေးရှောင်စခန်းက ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူအယောက် ၃၀ ကျော်သေဆုံးစေခဲ့တဲ့ အကြမ်းဖက်စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် မြန်မာစစ်တပ်က ကမ္ဘာ့ အရက်စက်ဆုံး နဲ့ အကြမ်း ကြုတ် ဆုံးသော အကြမ်းဖက် အဖွဲ့အဖြစ် ထပ်ပြီး သက်သေပြလိုက်တာပဲလို့ KNU ဗဟိုအလုပ် အမှုဆောင် ပဒိုစောတောနီးက ပြောလိုက်ပါတယ်။
– စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက် စစ်တပ်က ပြည်သူ ၂ ဦးကို သတ်ဖြတ် ပြီး ပေကြီးရွာကို မီးရှို့ဖျက်ဆီးလိုက်တဲ့အပြင် ၊ အနီးနားကျေးရွာက နေအိမ်တွေကိုလည်း မွှေနှောက်ဖျက်ဆီးခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။