36 C
Yangon

လှတောတိုက်နယ် ရဲစခန်းကို PDF တပ်ပေါင်းစု ဝင်ရောက်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၇ ဦးသေဆုံး

Must read

လှတောတိုက်နယ် ရဲစခန်းကို PDF တပ်ပေါင်းစု ဝင်ရောက်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၇ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ၁၁

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် စစ်အင်အား၄၀ ခန့် ရှိသည့် လှတော တိုက်နယ်ရဲစခန်းကို ပြည်သူကာကွယ်ရေးအဖွဲ့တပ်ပေါင်းစုက ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၇ ဦး သေဆုံးကြောင်း ဒေသပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရှိရသည်။

အောက်တိုဘာလ ၁၀ ရက်နေ့ ညနေ ၆ နာရီမှ အောက်တိုဘာလ ၁၁ ရက်နေ့ နံနက် ၆ နာရီအချိန်အထိ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုများက လှတော တိုက်နယ် ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြကြောင်း၊ ညလုံးပေါက် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး နံနက်ပိုင်းမှ PDF တပ်ပေါင်းစုက ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရှိရသည်။

“တိုက်ပွဲကတော့ မိုးရွာကြီးထဲကို ဖြစ်နေတာ။ တစ်ညလုံးပဲ။ ပြည်သူကာကွယ် ရေး အဖွဲ့တွေဘက်ကလည်း ဇွဲကကောင်းမှကောင်း။ မိုးရွာကြီးထဲကနေ တစ်ညလုံး ကိုတိုက်တာ။ ဒီနေ့ မနက်၆နာရီမှ နောက်ပြန်ဆုတ်သွားတယ်” ဟု လှတောကျေးရွာသားတစ်ဦးက ပြောဆိုသည်။

လှတောတိုက်နယ် ရဲစခန်းကို မြင်းခြံခရိုင်တပ်ရင်း ၇ Zeroပြောက်ကျားတပ်ဖွဲ့၊ လှတောတိုက်နယ်အတွင်းရှိ ပကဖ၊ ပအဖ၊ ဒေသခံပြည်သူကာကွယ်ရေး အဖွဲ့များ၊ ဆားတောင်မိုးကြိုးနှင့်မဟာမိတ်များ၊ Zero power တပ်ပေါင်းစု တို့က ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း Zeroပြောက်ကျားတပ်ဖွဲ့ ခေါင်း ဆောင် ကိုသက်ကြီးက ပြောဆိုသည်။

*ကနဦးကတော့ ကြိုးစားပြီးစခန်းသိမ်းဖို့ တိုက်ပွဲဖော်တာပဲ ။ မိုးကရွာလာ တော့ လက်နက်ကြီးတွေက Error တက်သွားတော့ အဆင်မပြေဖြစ်သွားရ တယ်။ဒါပေမဲ့ ကျနော်တို့ညီကိုတွေ ရတဲ့လက်နက်ငယ်တွေနဲ့ စခန်းသိမ်းနိုင်ဖို့ မိုးရွာကြီးထဲကနေ တစ်ညလုံး စခန်းအနီးကနေ ကြိုးစားတိုက်သေးတယ်။မနက်လင်းတော့မှ ကျနော်တို့ နောက်ကြောင်းပြန်ဆုတ်လာခဲ့ရတယ်။ ပြည်သူ ကို အောင်မြင်မှုတွေ ချပြခြင်ပေးမယ့် အခုလို ရာသီဥတု ကြောင့် မအောင် မမြင် ဖြစ်သွားအနူးအညွတ်တောင်းပန်ပါတယ်။ အခုတိုက်ပွဲမှာ ခွေး၇ကောင်ကျတယ်။နောက်ပြီးအများအပြားဒဏ်ရာရရှိတယ်။ ကျနော်တို့ဖရဲသီး ဆီကပြန် ကြား ထားရတယ်။ ကျနော်တို့ဘက်ကတော့ရဲဘော်တစ်ဦးကျဆုံးခဲ့သလို ကျနော့် တပ်ရင်းက ရဲဘော်တစ်ဦးမစိုးရိမ်ရဒဏ်ရာရရှိခဲ့တယ်” ဟု Zero ပြောက် ကျားတပ်ဖွဲ့ ခေါင်းဆောင် ကိုသက်ကြီးက ပြောဆိုသည်။

စစ်ကောင်စီဘက်တပ်က ညပိုင်းတိုက်ပွဲအတွင်းမှာပင် သေဆုံး စစ်သား ၇ ဦး ကို အမိန့်ပြန်ခြင်း၊ ရဲစခန်းအနောက်ဘက်ရှိ ပြည်သူအိမ်၅လုံးထဲသို့ စစ်သား အလောင်း များထည့်ကာ မီးရှို့သဂြိုလ်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရ သည်။

ဓာတ်ပုံ- ယခုနှစ်မေလ ဆားတောင်မြို့ ရဲစခန်းကို Zeroပြောက်ကျားတပ်ဖွဲ့ က ဝင်ရောက်တိုက်ခိုက်စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article