28 C
Yangon

ကျောက်ကြီး၊ မူးမြို့နယ် ၊ ဝေါမြို့နယ်နှင့် ကျိုက်ထို တို့တွင် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ကျည်ထိမှန်၍ အမျိုးသမီးငယ် ၁ ဦး သေဆုံးပြီး နေအိမ်များ ပျက်စီးကာ အိမ်မွေးတိရိစ္ဆာန် နွားများ သေဆုံး

Must read

ကျောက်ကြီး၊ မူးမြို့နယ် ၊ ဝေါမြို့နယ်နှင့် ကျိုက်ထို တို့တွင် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ကျည်ထိမှန်၍ အမျိုးသမီးငယ် ၁ ဦး သေဆုံးပြီး နေအိမ်များ ပျက်စီးကာ အိမ်မွေးတိရိစ္ဆာန် နွားများ သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၁၂

ပဲခူးတိုင်း၊ ဝေါမြို့နယ်နှင့် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တို့တွင် စစ်တပ်က ပစ် ခတ်သော လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲပြီး နေအိမ်များ ပျက်စီးသွား ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ဆို သည်။

အောက်တိုဘာလ ၁၁ ရက်နေ့ နံနက် ၇ နာရီအချိန် ပဲခူးတိုင်း ၊ ဝေါမြို့နယ် ၊ လက်ပံကျေးရွာ ကိုးသိန်းရှင် ၊ဘုရား အရှေ့ရှိ ​၊ လက်ပံ – ကျွန်းစု – မြစ်ကျိုး သွားသော တာဘောင် လမ်းမကြီး ဘေးတွင် စစ်တပ်က ၁၂၀ မမ လက် နက်ကြီး ၂ လက်ဖြင့် လက်နက်ကြီးကျည် ၉ လုံးပစ်ခတ်ခဲ့ကြောင်း ၊ အဆိုပါ လက် နက်ကြီးကျည်များသည် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် အပိုင် ချောင်းဝကျေးရွာ အတွင်းရှိ အိမ်ခေါင်းရင်း အနီးသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး

အိမ် ခေါင်းရင်း နှင့် အမိုးများပေါက်ပြဲ ပျက်စီးခဲ့ကြောင်း၊ နွား ၂ ကောင် ဒဏ် ရာ ရရှိပြီး ဆိုင်ကယ် ၊ စက်ဘီး များ ပျက်စီးခဲ့ကြောင်း၊ လူထိခိုက်မှုမရှိကြောင်း သိရှိရသည်။

ထို့ပြင် လက်နက်ကြီးကျည် ၂ လုံးသည် ဝင်းကံကျေးရွာ (ရွှေကျင် အပိုင်) သို့ ကျရောက်ခဲ့သော်လည်း ထိခိုက်မှုမရှိကြောင်း၊ အခြား လက်နက်ကြီးကျည် ၁ လုံး မှာ ကလောမြောင် သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

အလားတူ ပဲခူးတိုင်း ၊ ဝေါမြို့နယ် အပိုင် လက်ပံကျေးရွာ အရှေ့ဘက် အရပ်ရှိ စစ်တောင်မြစ်ကမ်းဘေး သို့ ၅ လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး စပါးခင်းများ ပျက်စီး ခဲ့ကြောင်း သိရှိရသည်။

ထို့အတူ ပဲခူးတိုင်း၊ ကျောက်ကြီးနှင့် မူးမြို့နယ်၊ KNU တပ်မဟာ ၃ နယ်မြေ ညောင်လေးပင်ခရိုင်တွင် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ အမျိုးသမီးငယ် ၁ ဦး သေဆုံးပြီး နေအိမ်များ ပျက်စီးသွားကြောင်း KNU ဗဟိုက တရားဝင် သတင်းထုတ်ပြန်သည်။

အောက်တိုဘာလ ၁၀ ရက်နေ့ ကျောက်ကြီးမြို့နယ်တွင် ပိန်းဇလုပ် အခြေစိုက် ခလရ ၂၆၄ တပ်ရင်း က ၁၅၅ မမ လက်နက်ကြီးများ ပစ်ခတ်ခဲ့ပြီး ရွာကန်လန့် ကျေးရွာ အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ အဆိုပါ လက်နက်ကြီးကျည်သည် ကျေးရွာအတွင်း နေအိမ်သို့ ကျရောက်ပြီး ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ၊ နွား ၂ ကောင် မှာမူ သေဆုံးခဲ့ကြောင်း သိရှိရသည်။

အလားတူ အောက်တိုဘာလ ၁၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်အချိန် မူးမြို့နယ်အုပ်ချုပ်နယ်မြေအတွင်း စစ်ကောင်စီ၏ ခမရ−၃၀၇ တပ်ရင်းက လက်နက်ကြီး ၂ လုံးကို ပြည်သူလူထုများ နေထိုင်ရာကျေးရွာများအတွင်းသို့ ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခဲ့ကြောင်း၊ ထိုလက်နက်ကြီးများသည် သနပ်ကွင်းကျေးရွာအတွင်းကျရောက်ပေါက်ကွဲခဲ့ပြီး ကျေးရွာကျောင်းတိုက်ဆရာတော် ဦးကောဝိတ (၇၄) နှစ်မှာ လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရရှိ ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် အောက်တိုဘာလ ၁၀ ရက်နေ့ ညနေ ၅ နာရီ ၂၀ မိနစ် အချိန် ခမရ ၄၃၉ တပ်ရင်းက လက်နက်ကြီးများကို ပစ်ခတ်ခဲ့ရာ ကျော်လှကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး မယူရတီနိုင် အသက် ၁၄နှစ် မှာ လက်နက် ကြီး ထိမှန် သေဆုံးခဲ့ရပြီး နေအိမ် ပျက်စီးခဲ့ရကြောင်း၊ ယင်းနေ့ ည ၉ နာရီ ၂၀ မိနစ်အချိန် စစ်တပ်က ထပ်မံ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်သည် နန္ဒမိတ်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေးငယ် ၁ ဦး အပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article