27 C
Yangon

၂၀၂၃ခုနှစ် ၉လတာကာလအတွင်း KNUထိန်းချုပ်နယ်မြေ တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၈၀၀ကျော်သေဆုံးဟု KNU ဗဟိုက ထုတ်ပြန်

Must read

၂၀၂၃ခုနှစ် ၉လတာကာလအတွင်း KNUထိန်းချုပ်နယ်မြေ တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၈၀၀ကျော်သေဆုံးဟု KNU ဗဟိုက ထုတ်ပြန်

ရန်ကုန် | အောက်တိုဘာ ၁၂

ကရင်အမျိုးသားအစည်းအရုံး (KNU) ကော်သူးလေအုပ်ချုပ်နယ်မြေတွေမှာ ၂၀၂၃ နှစ် ဇန်နဝါရီလက စလို့ စက်တင်ဘာလ အထိ ၉ လ တာ ကာလ တိုက်ပွဲများအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၈၆၅ ဦး သေဆုံးခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန် ပါတယ်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလ ၉ လတာအတွင်း KNU နယ်မြေမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသား ကာကွယ် ရေးတပ်ဖွဲ့ (KNDO)နဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲကြီး၊ တိုက်ပွဲ ငယ်ပေါင်း ၃၅၇၀ ကြိမ်ဖြစ်ပွားခဲ့‌ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၈၆၅ ဦးသေဆုံးကြောင်း၊ စစ်သား ၂၂၆၀ ဦး ဒါဏ်ရာရရှိခဲ့တယ်လို့ KNUရဲ့ စာရင်း ဇယား တွေက ဆိုပါတယ်။

KNLAနဲ့ KNDO တပ်တွေဘက်ကတော့ ၉လတာတိုက်ပွဲတွေအတွင်း တော် လှန် ရေးရဲဘော် ၁၁၂ ဦး ကျဆုံးခဲ့ပြီး ၃၉၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီဘက်ကတော့ သူတို့တပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်ကျဆုံးမှု စာရင်းကို လူသိရှင်ကြားထုတ်ပြန်တာတွေ မရှိသလို KNUရဲ့ ထုတ်ပြန်မှုနဲ့ ပတ် သက်ပြီးလည်း တစုံတရာ တုန့်ပြန်ထားတာမရှိသေးပါဘူး။

ဓာတ်ပုံ- ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ သေဆုံးနေတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်တစ်ဦး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article