23 C
Yangon

တနင်္သာရီမြို့ရှိ ဗိုလ်ချုပ်ကြေးရုပ်အနီးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ စစ်သား ၃ ဦးသေဆုံး

Must read

တနင်္သာရီမြို့ရှိ ဗိုလ်ချုပ်ကြေးရုပ်အနီးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ စစ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၁၆

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့ရှိ ဗိုလ်ချုပ်ကြေးရုပ်အနီးတွင် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၃ ဦး သေ ဆုံးခဲ့ကြောင်း တနင်္သာရီတိုင်း-ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

အောက်တိုဘာလ ၁၄ ရက်နေ့ နံနက် ၉ နာရီ ၅၀ မိနစ်ခန့်တွင် တနင်္သာရီမြို့၊ ဗိုလ်ချုပ် ကြေးရုပ်အနီးတွင် အကြမ်းဖက် စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားပြီး မိနစ် ၃၀ ခန့်ကြာမြင့်ကာ အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၃ ဦးသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို တနင်္သာရီတိုင်းစစ်ဌာန၊ စစ်ဆင်ရေးဌာန၏ လက်ရုံးတပ်ဖွဲ့ (Dragon Squad)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း – ၂၊ တပ်ခွဲ ၁ ၊ တပ်ခွဲ ၂ နှင့် တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တနင်္သာရီ မြို့နယ်အတွင်းနေထိုင်သော မိဘပြည်သူများနှင့် ခရီးသွား မိဘပြည်သူများအားလုံး ပြည် ထောင်စုလမ်းပေါ်၌ ညအချိန် ခရီးသွားလာခြင်း၊ အကြမ်းဖက်စစ်ကောင်စီနှင့် နီးကပ်စွာ နေထိုင်ခြင်း၊ သွားလာခြင်း မပြုကြရန်၊ နေ့အချိန် ကားဖြင့်သွားလာပါက ကားမှန်ချပြီး ခရီးသွားလာကြပါရန်နှင့် တော်လှန်ရေးမဟာမိတ်အဖွဲ့များ ထုတ်ပြန်ထားသည့် စစ်ရေးဆိုင်ရာအသိပေးချက်များအတိုင်း လိုက်နာ ပေးကြပါရန် တနင်္သာရီတိုင်း-ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article