26 C
Yangon

စစ်အင်အားမလုံလောက်သဖြင့် စစ်ကောင်စီက စစ်ဆေးဆရာဝန်များကို ရှေ့တန်းထွက်ခိုင်း၊ ဖာပွန်ရှေ့တန်းစခန်းတွင် စစ်ဆေးဆရာဝန် ဗိုလ်ကြီး နေလင်းထက် မိမိကိုယ်ကိုကိုယ် အဆုံးစီရင်

Must read

စစ်အင်အားမလုံလောက်သဖြင့် စစ်ကောင်စီက စစ်ဆေးဆရာဝန်များကို ရှေ့တန်းထွက်ခိုင်း၊ ဖာပွန်ရှေ့တန်းစခန်းတွင် စစ်ဆေးဆရာဝန် ဗိုလ်ကြီး နေလင်းထက် မိမိကိုယ်ကိုကိုယ် အဆုံးစီရင်

ရန်ကုန်၊ အောက်တိုဘာ ၁၇

အကြမ်းဖက်စစ်ကောင်စီက ရှေ့တန်းစစ်မြေပြင်များတွင် တိုက်ခိုက်ရေးတပ်များ သေဆုံးမှု အလွန်များပြာလာ၍ စစ်အင်အား မလုံလောက်သဖြင့် လက်ရုံးတပ်ဖြစ်သည့် ဆေးတပ်များကို ရှေ့တန်းသို့ စေလွှတ်လျက်ရှိရာ စစ်ဆေးဆရာဝန်များကိုပါ ရှေ့တန်းထွက်ခိုင်းနေကြောင်း စစ်ဆေးအသိုင်းအ၀ိုင်းက ပြောဆိုသည်။

ယခင် အာဏာမသိမ်းမီက မဟာဘွဲ့ရ စစ်ဆေးဆရာဝန်နှင့် အထူးကုများကို စစ်ဆေးရုံများတွင်သာ တာဝန်ချထားခဲ့သော်လည်း ယခုအခါ ရှေ့တန်းထွက် စစ်သားအင်အားမလုံလောက်မှုကြောင့် လက်ရုံးတပ်ဖြစ်သည့် ဆေးတပ်များမှ ဆေးပညာမဟာဘွဲ့ရ စစ်ဆေးအရာရှိများကို အလှည့်ကျ ရှေ့တန်းသို့ စေလွှတ်နေကြောင်း၊ ဆေးတပ်မှ ဆရာဝန်များသာမက တပ်ကြပ်၊ တပ်ကြပ်ကြီး၊ ဆေးတပ်များကိုပါ ရှေ့တန်းသို့ အရေအတွက် အများအပြားဖြင့် စေလွှတ်နေခြင်းဖြစ်ကြောင်း၊ ထို့ပြင် ရန်ကုန်၊ နေပြည်တော် အပါအဝင် မြို့ပြ လုံခြုံရေးတပ်ဖွဲ့များတွင်လည်း ဆေးတပ်မှ တပ်ဖွဲ့ဝင်များကို အသုံးချနေရကြောင်း သိရှိရသည်။

ထိုသို့ ဆေးတပ်မှ ဆရာဝန် ဗိုလ်ကြီးများကိုပါ ရှေ့တန်း စေလွှတ်နေရာ စက်တင်ဘာလနှောင်းပိုင်းတွင် ကရင်ပြည်နယ်၊ ဖာပွန်ရှေ့တန်းစစ်မျက်နှာပြင်တွင် စစ်ဆေးဆရာဝန် ဗိုလ်ကြီး နေလင်းထက် မိမိကိုယ်ကိုကိုယ် အဆုံးစီရင်သွားကြောင်း၊ ဗိုလ်ကြီး နေလင်းထက်သည် ရှေ့တန်းစစ်မြေပြင်တွင် သတ်မှတ်ကာလ ၃ လ ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီးဖြစ်သော်လည်း နောက်တန်းပြန်မပို့ဘဲ ဆက်လက် တာဝန်ထမ်းဆောင်ခိုင်းသဖြင့် စိတ်ဖိစီး၍ အဆုံးစီရင်မှု ဖြစ်ပွားခဲ့ကြောင်း၊ ယင်းသတင်းကို စစ်ကောင်စီက ဖုံးဖိထားခဲ့ကြောင်း သိရှိရသည်။

“‌ဖာပွန်ရှေ့တန်းမှာ အဆုံးစီရင်တဲ့ စစ်ဆေး ဗိုလ်ကြီး နေလင်းထက်က စစ်ဆေးဆရာဝန်လုပ်သက် ၅ နှစ်ခန့်ရှိပါတယ်။ သူ့ပုံစံက ရိုးရိုးအေးအေးနေတတ်ပြီး လူချစ်လူခင်များတဲ့သူပါ။ စစ်ဆေးတက္ကသိုလ် အပတ်စဉ် ၁၆ ကျောင်းဆင်းပါ။ အခုတာဝန်ကျတပ်ရင်းက ဖာပွန်ဘက်ရှိ ရှေ့တန်းစခန်းမှာ တာဝန်ကျတာပါ။ ရှေ့တန်းကနေ မပြန်ရတော့ စိတ်ဖိစီးပြီး ကြိုးဆွဲချသေ ဆုံးသွားတယ်” ဟု စစ်ဆေးအသိုင်းအ၀ိုင်းက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်အတွင်း တိုက်ခိုက်ရေးတပ်များ သေဆုံးမှု များပြားခြင်း၊ စစ်ပြေးများ များပြားခြင်း၊ ခွင့်ယူ၍ စစ်တပ်အတွင်း ပြန်မလာတော့ ခြင်းစသည့် ပြုန်းတီးမှု အင်အား အလွန်များပြားနေကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဓာတ်ပုံ- ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ တပ်မတော် ဆေးတက္ကသိုလ်အပတ်စဉ် ၂၃ ကျောင်းဆင်းပွဲတက်ရောက်နေသည့် အကြမ်းဖက် မင်းအောင်လှိုင်နှင့်အဖွဲ့။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article