အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ အောက်တိုဘာ ၁၇
အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၁၇ ရက်နေ့တွင် “ပြည်သူကို အနိုင်ကျင့်တာ တရားဥပဒေ၊ တရားဥပဒေကို အနိုင်ကျင့်တာ အာဏာရှင်စနစ်ပဲ၊ ဒါကြောင့်အမြစ်ပြတ် တော်လှန်ကြ” စာတန်း ကိုင်ဆောင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။