27 C
Yangon

ကန့်ဘလူ​တွင် စစ်တပ်က ၁၀ ရက်ကြာ စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၁ ရွာကျော်မှ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကာ ဆေးဝါးနှင့် ရိက္ခာများ လိုအပ်နေ

Must read

ကန့်ဘလူ​တွင် စစ်တပ်က ၁၀ ရက်ကြာ စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၁ ရွာကျော်မှ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကာ ဆေးဝါးနှင့် ရိက္ခာများ လိုအပ်နေ

ရန်ကုန်၊ အောက်တိုဘာ ၂၀

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က ၁၀ ရက်ကြာ စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၁ ရွာကျော်မှ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကာ ဆေးဝါးနှင့် ရိက္ခာများ လိုအပ်နေကြောင်း Infinity Group ထံမှ သိရသည်။

အောက်တိုဘာလ ၇ ရက်နေ့မှ စ၍ ယနေ့ အောက်တိုဘာ ၂၀ ရက်နေ့အထိ ကန့်ဘလူမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေ၍ ချောင်းခြား၊ ဖလားရ၊ အင်းမ၊ ပင့်သာ၊ မကျည်းကုန်း(မ)၊ အုပ်ခင်း၊ ပင့်သာကြီး၊ ညောင်ကန်သာ၊ လှည်းပွဲ၊ တမာကုန်းနှင့် ဆားကျင်းကျေးရွာများမှ ပြည်သူများမှာ ရက်ရှည်စစ်ဘေးရှောင်နေရကြောင်း သိရှိရသည်။

ကန့်ဘလူမြို့နယ်အတွင်း မိုးရွာသွန်းမှုများပြားနေ၍ ရေကြီးမှုများလည်း ဖြစ်ပေါ်နေကာ စစ်ဘေးရှောင် ပြည်သူများသည် မအိပ်ရဘဲ ညလုံးပေါက်မတ်တတ်ရပ်နေရခြင်းများလည်း ရှိကြောင်း၊ မိုးရေများ၍ ရေများ ဒူးအထိ တက်လာသည့် အတွက် ဖျားနာနေသူများလည်းရှိကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်အတွင်း အောက်တိုဘာ ၁၂ ရက်နေ့ ညပိုင်းတွင် စံချိန်တင် မိုးရွာသွန်းခဲ့သည့်အတွက် စစ်ဘေးရှောင်ပြည်သူများသည် မိုးရေထဲတွင် အခက်အခဲများစွာ ကြုံတွေ့ရပြီး ဝက်သအင်းရွာအနီးရှိ စစ်ရှောင်ထဲမှ သားအဖ ၂ ဦး မိုးကြိုးထိမှန်သေဆုံးခဲ့ရခြင်းလည်း ရှိကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်သည် ကန့်ဘလူမြို့နယ် မြောက်ခြမ်းရှိ ၎င်းတို့၏ အထိုင်စခန်းများရှိရာ ချပ်ကြီးရွာ၊ ချပ်သင်းရွဦနှင့် ကိုးတောင်ဘို့ရွာများကို ရိက္ခာပို့နိုင်ရန်အတွက် အောက်တိုဘာ ၁၂ ရက်နေ့မှ စ၍ ကန့်ဘလူ၊ ကျွန်းလှ၊ ကောလင်းလမ်းပိုင်းရှိ နေရာအများအပြားကို ကင်းပုန်းများ ဝပ်၍ နေရာယူထားခြင်းများလည်း လုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ပြောကြားသည်။

အောက်တိုဘာ ၁၆ ရက်နေ့တွင်မူ ကျွန်းလှမြို့မှ ထွက်လာသည့် စစ်တပ်၏ ရိက္ခာတင်ဆောင်လာသော ကား ၅ စီးကို ပင့်သာရွာနှင့် ချပ်ကြီးရွာအကြား တစ်နေရာတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကား ၁စီးထိမှန်၍ နှစ်ဖက် အပြန်အလှန်ဖြစ်ပွားခဲ့ကြောင်း၊ အောက်တိုဘာ ၁၇ ရက်နေ့ နံနက်ပိုင်းတွင်လည်း ချပ်ကြီးရွာအထိုင်စခန်းမှ ထွက်လာသည့် အကြမ်းဖက်စစ်တပ်၏ သုံးဘီးကား ၁ စီးနှင့် လှည်းတန်းကို‌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ သုံးဘီးကား ၁ စီးနှင့် နွားလှည်း ၂ စီးတိမ်းမှောက်ပျက်စီးသွားကြောင်း Infinity Group ထံမှ သိရှိရသည်။

Photo – Infinity Group

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article