28 C
Yangon

ကန်ပက်လက်မြို့ရှိ စစ်တပ် တပ်စွဲထားသော နေရာ ၄ ခုကို တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံး

Must read

ကန်ပက်လက်မြို့ရှိ စစ်တပ် တပ်စွဲထားသော နေရာ ၄ ခုကို တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၂၁

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာ ၄ ခုကို တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံးခဲ့ကြောင်း CDF-Kanpetlet တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

အောက်တိုဘာလ ၂၀ ရက်နေ့၊ နံနက် ၆ နာရီခန့် စတင်ကာ နံနက် ၁၁ နာရီအထိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရုံး၊ အ.ထ.က ကျောင်း၊ ရန်အောင်စေတီနှင့် မြို့နယ်ပညာရေးမှူးရုံးတို့ကို CDF-Kanpetlet တပ်ဖွဲ့က စစ်ကြောင်း ၅ ကြောင်းခွဲကာ တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုကိခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၂ ဦး သေဆုံးပြီး ထိခိုက် ဒဏ်ရာ ရရှိသူ များပြားကာ CDF-Kanpetlet တပ်ဖွဲ့မှ ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

ပြည်သူများအနေဖြင့် ကန်ပက်လက်မြို့အတွင်း၌ စစ်ရေးတင်းမာနေ၍ အချိန်မရွေး တိုက်ပွဲများ ဖြစ်ပွားနိုင်သောကြောင့် စစ်တပ်စခန်းနှင့် နီးသောနေရာများတွင် နေထိုင်ခြင်းမပြု ကြရန် CDF-Kanpetlet တပ်ဖွဲ့က အသိပေး ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article