Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၃ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ အောက်တိုဘာ ၂၃ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ကမှော်ဘီလေတပ်ကို မနေ့ညပိုင်းက ရှော့တိုက်ဒုံး ၅ လုံးနဲ့ ပစ်ခတ်မှုဖြစ် ပွားပြီး စစ်တပ်က မင်္ဂလာဒုံ၊ မှော်ဘီအပါအဝင် ရန်ကုန်မြို့အဝင်အထွက်အားလုံးကို ပိတ်ဆို့ စစ်ဆေး သောင်းကျန်းနေတယ်လို့ ဒေသခံပြည်သူတွေနဲ့ တော်လှန်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
– ပဲခူးတိုင်း၊ ဖြူးမြို့နယ်နဲ့ ကျောက်တံခါးမြို့နယ်ကကျေးရွာတွေမှာ စပါးရိတ်သိမ်းတဲ့တောင်သူတွေ ဆီကနေ အကြမ်းဖက်စစ်တပ်က တစ်ဧကကို ငွေကျပ် ၁သောင်းကနေ ၃သောင်းအထိ ကောက်ခံနေ တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။
– ရန်ကုန်တိုင်း စက်မှုဇုန်တွေကမြေကွက်အလွတ်တွေနဲ့ အိမ်ဆောက်လုပ်ထားတဲ့မြေကွက်တွေကို သိမ်းယူဖို့ စစ်ကောင်စီက ပြင်ဆင်မှုတွေနဲ့ သတိပေးမှုတွေလုပ်ဆောင်နေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။