31.3 C
Yangon

ရွှေဘိုမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲပြီး ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ရွှေဘိုမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲပြီး ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ အောက်တိုဘာ ၂၃

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲပြီး ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Northern Tigers Group အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၁ ရက်နေ့ ညပိုင်းတွင် ရွှေဘိုမြို့မှ ထွက်ခွာလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ၆၀ မမ ၊ ၈၁ မမ များဖြင့် ကွန်ဆိပ်ရွာဘက်ကို ပစ်ခတ်ခဲ့ကြောင်း၊ အောက်တိုဘာလ ၂၂ ရက်နေ့ နံနက် အစောပိုင်းတွင် ယင်း စစ်ကြောင်းသည် ကွန်ဆိပ်ရွာကို စစ်ကြောင်းထိုးကာ ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ယင်းအကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကွန်ဆိပ်ရွာ အတွင်း ဝင်ရောက်လာစဥ် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့​ပြီး စစ်သားများက ကွန်ဆိပ်ရွာရှိ စာသင်ကျောင်းကို မီးရှို့ဖျက်ဆီးနေစဥ် တော်လှန်ရေး တပ်ဖွဲ့များက မောင်းသူမဲ့ လေယာဥ်ငယ်များဖြင့် ဗုံးသီး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အောက်တိုဘာလ ၂၂ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူများနေထိုင်သည့် ကျေးရွာများဘက်ကို ၆၀ မမ များဖြင့် ပစ်ခတ်နေစဥ် တော်လှန်ရေး ရဲဘော်များက မောင်းသူမဲ့ လေယာဥ်ငယ်ဖြင့် ဗုံးသီး ၂ လုံးကျဲချ ထပ်မံ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေ သေစာရင်းတော့ မသိရသေးဘူး။ အထမ်းတွေနဲ့တော့ မွန်းလွဲပိုင်းက ရွာထဲကနေ ထွက်သွားပါတယ်” ဟု Northern Tigers Group အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Northern Tigers Group ၊ ဂဠုန်ကြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ 96 Soldier တပ်ခွဲ TTA people defense force(SBO) ၊ Black Eagle local PDF ၊ Saviour Revolution Force ၊ Farmer Heros (Khin U)နှင့်အတူ ဒေသကာကွယ် ရေးအဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article