26 C
Yangon

စဉ့်ကူး၊ မတ္တရာနှင့် သရက်ချောင်းမြို့နယ်တို့တွင် စစ်တပ်က ပြည်သူ ၆ ဦးကို သတ်ဖြတ်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး

Must read

စဉ့်ကူး၊ မတ္တရာနှင့် သရက်ချောင်းမြို့နယ်တို့တွင် စစ်တပ်က ပြည်သူ ၆ ဦးကို သတ်ဖြတ်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ အောက်တိုဘာ ၂၆

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ မတ္တရာမြို့နယ်နှင့် တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၆ ဦးကို သတ်ဖြတ်ခဲ့ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသတွင် သတင်းရင်းမြစ်များနှင့် Wetlet Information Network မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းက မန္တလေးဆိပ်ကမ်းမှ ဖလပ်သံခွန် ၂ စီးဖြင့် ဆန်တက် လာသော အကြမ်းဖက် စစ်သားများသည် မတ္တရာမြို့နယ်၊ ငယ်တိုးရွာ အနောက်ဘက်ကျွန်း၌ ကပ်၍ ငယ်တိုးရွာနှင့် သဖန်းဒေါင့်ရွာရှိ ပြည်သူ့နေအိမ်များကို မွန်းလွဲ ၁ နာရီခွဲခန့်မှ စတင်၍ မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ မွန်းလွဲ ၃ နာရီကျော်တွင် သံခွန်အသေးသည် မန္တလေးဘက်သို့ ပြန်လည်စုန်ဆင်းသွားပြီး ကျန် ဖလက်ခွန်တစ်စီး သည် အထက်သို့ ဆန်တက်သွားကြောင်း သိရသည်။

အလားတူ စက်တင်ဘာလ ၂၅ ရက်နေ့တွင် စဉ့်ကူးမြို့နယ်၊ ရွာသာယာပျူစောထီးရွာမှ အောက်သို့ စုန်ဆင်းလာသော သင်္ဘော ၁ စီးနှင့် အောက်ဘက်မှ ဆန်တက်လာသည့် အကြမ်းဖက် စစ်တပ်၏ မော် တော် ၁ စီးတို့သည် မြစ်ကြောင်းထဲ၌ ဆုံစည်းပြီး ကြက်တူရွေးရွာနှင့် သဲအင်းရွာတို့ကို လက်နက်ကြီး ၄ လုံးခန့် ပစ်ခတ်ဝင် ရောက်ရန် ကြိုးစားခဲ့ကာ ညနေ ၅ နာရီခန့်တွင် ကြက်တူးရွေးရွာရှိ ပြည်သူ့နေအိမ်များကို မီးရှို့ခဲ့ ကြောင်း သိရသည်။

ယင်းနေ့ ည ၇ နာရီခန့်တွင် ကြက်တူးရွေးရွာထဲသို့ ရောက်ရှိနေသော အကြမ်းဖက်စစ်သား အချို့သည့် သဲအင်း ကျေးရွာအတွင်းကို ဝင်ရောက်ပြီး ကျေးလက်ဆေးပေးခန်း ၁ လုံးနှင့် နေအိမ် ၅ လုံးခန့်ကို မီးရှို့ဖျက်ဆီး ခဲ့ကြောင်း၊ ထို့နောက် ပြည်သူတစ်ဦးကို ဖမ်းဆီးကာ ဖလက်ခွန်နှင့် သင်္ဘော တို့ဖြင့် ညတွင်းချင်း အထက်သို့ ဆက်တက်သွားကာ မြစ်ကမ်းဘေးတလျှောက်ရှိ ကျေးရွာများကိုလည်း လက်နက်ကြီးများ ဖြင့် ပစ်ခတ်သွားကြောင်း Wetlet Information Network ထံမှ သိရသည်။

အောက်တိုဘာလ ၂၆ ရက်နေ့ နံနက် ၆ နာရီခန့်တွင် စဉ့်ကူးမြို့နယ်၊ ရွာသာယာ(ပျူ)ရွာ၌ ဆိုက်ကပ် ထားသော သံဖလက်ခွန်နှင့် နောက်တွဲသင်္ဘောတို့သည် အောက်သို့စုန်ဆင်းလာပြီး ဝက်လက်မြို့နယ်၊ ရှိန်းမကားကျေးရွာမြောက် မြစ်ကြောင်းထဲ၌ နောက်တွဲတွန်းသင်္ဘောသည် အထက်သို့လည်းကောင်း၊ သံ ဖလက်ခွန်သင်္ဘောသည် အောက်သို့လည်းကောင်း စုန်ဆင်းသွားပြီး သံဖလက်ခွန်သင်္ဘောပေါ်ပါ အကြမ်းဖက်စစ်သားများသည် မတ္တရာမြို့နယ် သဖန်းဒေါင့်ရွာ၌ ခေတ္တဆိုက်ကာ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူပြီး နေအိမ်များကို ထပ်မံမီးရှို့ ဖျက်ဆီးပြီး မန္တလေးဆိပ်ကမ်းဘက်ကို စုန်ဆင်းသွားကြောင်း သိရသည်။

ထိုသို့ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ဆုတ်ခွာသွားပြီးနောက် နယ်မြေရှင်းလင်းရေး ဝင်ရောက် ရာ စဉ့်ကူမြို့နယ်၊ ကြက်တူရွေးရွာ၌ စစ်တပ်က သတ်ဖြတ်ခဲ့သည့် ပြည်သူ ၂ ဦး၏ ရုပ်အလောင်းနှင့် မတ္တရာမြို့နယ်၊ သဖန်း ဒေါင့် ရွာနှင့် ငယ်တိုးရွာအကြားတွင် စစ်တပ်က သတ်ဖြတ်ခဲ့သည့် ပြည်သူ ၃ ဦး၏ ရုပ်လောင်းများကို တွေ့ရှိခဲ့ရကြောင်း၊ ယင်းအလောင်း ၃ လောင်းထဲတွင် သဲအင်းရွာမှ ဖမ်းဆီးလာသော အသက် ၅၂ နှစ်အရွယ် အမျိုးသားတစ်ဦးပါဝင်ကြောင်း သိရသည်။

“ကျွန်တော်တို့ ယူဆတာတော့ ၂၅ ရက်နေ့က သတ်ခံရတယ်လို့ ယူဆတယ်။ သဖန်းဒေါင့်မှာ သတ်ခံရ တဲ့ ၃ ဦးတော့ မသိဘူး ဒီဘက်ကတော့ မနေ့ညကမှ (အောက်တိုဘာလ ၂၅ ရက်) သတ်သွားတယ်လို့ ယူဆတယ်ဗျ။ စုစုပေါင်း ၅ ဦး။ ၅ ဦးထဲမှာ သဲအင်းရွာက ဖမ်းသွားတဲ့ ဦးကျော်ဝင်းဆိုတဲ့ အသက် ၅၂ နှစ် အရွယ်အမျိုးသားပါတယ်။ ကျန်တဲ့ ၄ ဦးကတော့ နာမည် မသိရသေးဘူး” ဟု Wetlet Informational Network မှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အလားတူ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ကျောက်ခမောက်ကျေးရွာအနီးတွင် အကြမ်းဖက် စစ် ကောင်စီ တပ်သားများ ဖမ်းဆီးသွားသည့် ရငဲရွာ၊ ကွက်သစ်ပိုင်းနေ အသက် ၂၅ နှစ်အရွယ် ကိုညီကမ်း ၏ ရုပ် အလောင်းကို ယနေ့ အောက်တိုဘာလ ၂၆ ရက်နေ့တွင် တွေ့ရှိခဲ့ကြောင်း ဒေသနေပြည်သူများ ထံမှ သိရသည်။

အောက်တိုဘာလ ၂၄ ရက်နေ့က တနင်္သာရီမြို့နယ်၊ ကျောက်ခမောက်ကျေးရွာဘက်သို့ စစ်ကြောင်း ထိုး လာသော အကြမ်းဖက်စစ်သားများသည် လမ်းတွင်တွေ့ရှိသည့် ကိုညီကမ်းနှင့် အခြားအမျိုးသား တစ်ဦး ကို လက်နောက်ပြန်ကြိုးတုတ်ကာ ဖမ်းဆီးသွားပြီးနောက် ရိုက်နှက်နှိပ်စက်ကာ ကိုညီကမ်းကို သေနတ် ဖြင့် ပစ်ခတ်ပြီး ကျန်အမျိုးသားတစ်ဦးကို ပြည်လွှတ်ပေးလိုက်ကြောင်း သိရသည်။

“အလောင်းမှာ သေနတ်ဒဏ်ရာ၊ ဓားထိုးဒဏ်ရာဘာမှမရှိဘူး။ ရိုက်ခံထားရတာတော့တအားပဲ။ ပြန် လွတ်လာတဲ့သူလည်း တော်တော်ခံထားရတယ်ကြားတယ်” ဟု ကျွဲမင်းကုန်းရွာသားတစ်ဦးက ပြော ကြားသည်။

အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းသည် အောက်တိုဘာလ ၂၅ ရက်နေ့က ကျွဲမင်းကုန်းရွာသို့ ဝင် ရောက်ပြီး နေအိမ်အချို့ကို ရိုက်ဖြိုဖျက်ဆီးခဲ့ကြောင်း၊ ယနေ့ အောက်တိုဘာလ ၂၆ နံနက်ပိုင်းတွင် ကမြိုင်ရွာသို့ ရောက်ရှိကာ နေအိမ်များကို လိုက်လံမွှေနှောက်နေပြီး ပြည်သူများမှာ ထွက်ပြေးတိမ်း ရှောင်နေရ ကြောင်းသိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article