By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မတ်လ ၂၄ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့
-ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ အပြင်ကွင်းကလေး ကျေးရွာအတွင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ကျေးရွာအတွင်းက ဆယ်ကျော်သက်အမျိုးသမီး ၁ ဦး/ ဦးခေါင်းပွင့် သေဆုံးပြီး ပြည်သူ ၃ ဦး ဒဏ်ရာရ ခဲ့တယ်လို့ ဒေသသတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
– ကသာမြို့နယ်၊ မိုးတားလေးကျေးရွာကနေ အောက်ဖက် ဝဲကြီးကျေးရွာကို ခြေလျင်ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ဒီကနေ့ မနက် ၇ နာရီကျော်လောက်မှာ မိုင်းဆွဲတိုက်ခိုက်ခံရပါတယ်။
-ရန်ကုန် လှိုင်သာယာ အနောက်ပိုင်းမြို့နယ် ၁၄ ရပ်ကွက် အပိုင် ၉ ၊ ငွေပြည်သာယာလမ်းမှာရှိတဲ့ ကျူးကျော်တဲတွေကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်းက အတင်းအဓမ္မဖျက်သိမ်းခဲ့တဲ့ မြေနေရာတွေကို စစ်တပ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ စည်ပင်တွေ ပူးပေါင်းပြီး အကွက်ရိုက်ရောင်းစားနေတယ်လို့ ဒေသခံတွေက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
-ရန်ကုန်ခေတ်သစ် အယ်ဒီတာဟောင်း မခင်နှင်းကြည်သာ နေထိုင်ဖူးခဲ့တဲ့ စမ်းချောင်းမြို့နယ်၊ မြင့်မိုရ်လမ်း ၊ အမှတ် ၇ မင်းတိရိစ္ဆာန်ဆေးကုခန်းအိမ်ကို အကြမ်းဖက်စစ်ကောင်စီက မတ်လ ၂၃ ရက်နေ့ မနက်ပိုင်းမှာ ၀ရမ်းစာ လာကပ်ပြီး ချိတ်ပိတ်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။စတဲ့သတင်းတွေနဲ့နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။