27 C
Yangon

သိန္နီ၊ ချင်းရွှေဟော်၊ လားရှိုးတို့တွင် စစ်ကောင်စီက ရဟတ်ယာဉ် ၊ ဂျက်တိုက် လေယာဉ်များဖြင့် ဗုံးကျဲတိုက်ခိုက်နေ ၊ နမ့်ခမ်းနှင့်ကွတ်ခိုင်တွင်လည်း တိုက်ပွဲ ပြင်းထန်နေ

Must read

သိန္နီ၊ ချင်းရွှေဟော်၊ လားရှိုးတို့တွင် စစ်ကောင်စီက ရဟတ်ယာဉ် ၊ ဂျက်တိုက် လေယာဉ်များဖြင့် ဗုံးကျဲတိုက်ခိုက်နေ ၊ နမ့်ခမ်းနှင့်ကွတ်ခိုင်တွင်လည်း တိုက်ပွဲ ပြင်းထန်နေ

■ စစ်ကောင်စီ၏ တိုက်ခိုက်ရေး ရဟတ်ယာဉ်နှင့် ဂျက်တိုက်လေယာဉ်များ တောက် လျှောက် တက်နေ

ရန်ကုန်၊ အောက်တိုဘာ ၂၇

ရှမ်းပြည်နယ်၊ မြောက်ပိုင်း၊ သိန္နီ၊ချင်းရွှေဟော်၊ လားရှိုးတို့တွင် စစ်ကောင်စီတပ် က စစ်ရဟတ်ယာဉ်များ၊ ဂျက်လေယာဉ်များဖြင့် ဗုံးကျဲတိုက်ခိုက်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်များအားလုံးတွင် ယနေ့ နံနက်ပိုင်းမှစတင်၍ တိုက်ပွဲများဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်စခန်းများ အများအပြား သိမ်းဆည်း ခံရကြောင်း၊ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားလာသဖြင့် ရဟတ်ယာဉ်၊ ဂျက်တိုက်လေယာဉ်များ တောက်လျှောက်ဆိုသလို ပျံသန်း နေကြောင်း၊ ပစ်ခတ် မှုများလည်း ဆက်တိုက် လုပ်ဆောင်နေကြောင်း သိရှိရသည်။

“အခု မနက် ၁၁ နာရီ သိန္နီမှာ ရဟတ်ယာဉ်တွေနဲ့ပစ်တယ်။ လက်နက်ကြီး တွေကလည်း တောက်လျှောက်ပဲပစ်နေတာ။ တစ်မြို့လုံး ဘယ်သူမှ မထွက်ရဲ ဘူး။ သိန္နီတံတားလည်း ကျိုးသွားပြီလို့ကြားတယ်” ဟု‌ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ လားရှိုးမြို့နယ်တွင်လည်း စစ်ရဟတ်ယာဉ်များ၊ ဂျက်လေယာဉ်များ ဖြင့် တောက်လျှောက်ဆိုသလို ခပ်နိမ့်နိမ့် ပျံသန်း ပစ်ခတ်နေကြောင်း သိရှိရ သည်။

တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်လိုက်ပြီဖြစ်သော ချင်းရွှေဟော်မြို့ ပတ်ဝန်းကျင်ကိုလည်း စစ်တပ်က ရဟတ်ယာဉ်များ၊ တိုက်လေယာဉ်များဖြင့် ပစ်ခတ်နေကြောင်း သိရှိရသည်။

ရှမ်းပြည်မြောက်ပိုင်း ၊ ကွတ်ခိုင်နှင့် နမ့်ခမ်းတွင်လည်း ယနေ့ နံနက်ပိုင်း ၄ နာရီ မှ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ ယခု မွန်းတည့်ချိန် နီးလာချိန်တွင်လည်း တိုက်ပွဲ များ ဆက်လက်ဖြစ်ပွားနေကြောင်း သိရှိရသည်။

“ကွတ်ခိုင်မှာကတော့ မြို့ပြင်မှာ ဖြစ်နေတာပဲ။ နမ့်ခမ်းဘက်မှာတော့ ကလေး တွေ ပြည်သူတွေ စစ်တပ် ပစ်တဲ့ လက်နက်ကြီး ထိလို့ သေတယ်။ သတင်းတွေ ကတော့ တောက်လျှောက်ဝင်နေတယ်။ ကျနော်တို့လည်း ကယ်ဆယ်ရေး မလုပ် နိုင်ဘူး။ ဘယ်လမ်းကိုမှ မသွားရဲဘူး” ဟု ကူညီကယ်ဆယ်ရေး ပရဟိတ သမားတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article