28 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၇ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၇ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ အောက်တိုဘာ ၂၇ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ တာမိုးနဲ၊ နမ့်ဖက်ကာ၊ မူဆယ်၊ နမ့်ခမ်း၊ ဆယ်လန့်၊ ကွမ်းလုံ၊ ဟိုပန်၊ ချင်းရွှေဟော်၊ လောက်ကိုင်တို့မှာ အကြမ်းဖက် စစ်တပ် တပ်စွဲထားရာ နေရာတွေကို တော်လှန်ရေးအင်အားးစု တပ်ဖွဲ့တွေကနေ ဒီကနေ့မနက်ပိုင်းမှာပဲ တစ်ချိန်တည်း တစ်ပြိုင်တည်း ဝင်တိုက်နေတယ်လို့ ဒေသခံ ပြည်သူတွေက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။

– ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အဝင်အထွက် နေရာအားလုံးမှာ ဒီကနေ့ မနက်ပိုင်း ပစ်ခတ်မှု တွေ ဖြစ်ပွားနေတဲ့အတွက် အဲ့ဒီ့ လမ်းတွေကို အသုံးမပြုသင့်တဲ့အပြင် အလွန် အန္တရာယ်များတဲ့ အခြေအနေ ရောက်နေတယ်လို့ ဒေသခံ ပြည်သူတွေက ရန်ကုန်ခေတ်သစ် ကိုပြောပါတယ်။

– မြန်မာ ပြည်သူတစ်ရပ်လုံးရဲ့ လိုလားချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် ကိုးကန့် MNDAA ၊ ရခိုင်တပ်တော် AA နဲ့ တအာင်း တပ်မတော် TNLA တို့ကနေ ၁၀၂၇ စစ်ဆင်ရေး စတင် ဆင်နွှဲပြီဖြစ်တယ်လို့ မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်လိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article