28 C
Yangon

စစ်အာဏာရှင် ချေမှုန်းရေး Operation 1027 ပထမနေ့ နံနက်ပိုင်းတွင်ပင် ချင်းရွှေဟော်မြို့ကို သိမ်းပိုက်ပြီး စစ်ကောင်စီတပ်၏ စစ်စခန်း ၁၀ ခုထက် မနည်းကို မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က တိုက်ခိုက်ချေမှုန်း

Must read

စစ်အာဏာရှင် ချေမှုန်းရေး Operation 1027 ပထမနေ့ နံနက်ပိုင်းတွင်ပင် ချင်းရွှေဟော်မြို့ကို သိမ်းပိုက်ပြီး စစ်ကောင်စီတပ်၏ စစ်စခန်း ၁၀ ခုထက် မနည်းကို မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က တိုက်ခိုက်ချေမှုန်း

■ ချင်းရွှေဟော်မြို့တွင် ကိုးကန့် MNDAA အလံ လွှင့်ထူ

ရန်ကုန်၊ အောက်တိုဘာ ၂၇

စစ်အာဏာရှင် ချေမှုန်းရေး Operation 1027 (စစ်ဆင်ရေး ၁၀၂၇) ပထမနေ့ နံနက်ပိုင်းတွင်ပင် ချင်းရွှေဟော်မြို့ကို သိမ်းပိုက်ပြီး စစ်ကောင်စီတပ်၏ စစ်စခန်း ၁၀ ခုထက်မနည်းကို မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း နေရာအနှံ့အပြားတွင် ယနေ့ နံနက် ၅ နာရီမှစတင်၍ တိုက်ပွဲများ စတင်ခဲ့ရာ မြောက်ပိုင်းမဟာမိတ်အဖွဲ့များက ချင်းရွှေဟော်တံတား၊ ဟိုပန်ဒေသ ချွမ်းဟုတ်ရွာ၊ ကွမ်းလုံ၊ မုံးကိုးနှင့် လားရှိးမြိုရှိ စစ်ရေးအဓိကကျသောနေရာ အများအပြားကို သိမ်းပိုက်ချေမှုန်းနိုင်ခဲ့ကြောင်း၊ ယခုအချိန်အထိလည်း စခန်းသိမ်းတိုက်ပွဲများအပါအဝင် တိုက်ပွဲကြီး၊ တိုက်ပွဲငယ်များနေရာအနှံ ဆက်လက်ဖြစ်ပွားလျှက်ရှိကြောင်း တရားဝင် သတင်းထုတ်ပြန်သည်။

လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ နမ့်ခမ်း-နမ့်ဖမ်ကာ လမ်းပိုင်းရှိ စစ်တပ် ၁၃မိုင်စခန်းနှင့် မိုက်ခရိုဝိတ် တပ်စခန်း ၂ခုကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ဘက်က ယနေ့(အောက်တိုဘာ ၂၇) နံနက် ၁၀နာရီတွင် တိုက်ခိုက်၊ သိမ်းပိုက်လိုက်ကြောင်း၊ လားရှိုးမြို့နယ် မိုင်းဂျက် ဗျူဟာကုန်း၊ လားရှိုး Asia World တိုးဂိတ်၊ ချင်းရွှေဟော်ရှိ မြို့အဝင်ဂိတ်၊ ရာဘာတော ဗျူဟာကုန်း၊ ဖောင်ဆိပ် အပါအဝင် စစ်​ကောင်စီစခန်းများ ၊နမ့်ခမ်းရှိ စစ်​ကောင်စီတပ်စခန်း စ​သော​နေရာများစွာတွင် ​တော်လှန်​ရေးအဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နေကြောင်း သိရှိရသည်။

မြန်မာနိုင်ငံရှမ်းပြည်နယ်အထူးဒေသ ၁ အတွင်းရှိ Online Game (ကျဖျင့်) ကုမ္ပဏီများ၊ ကိုးကန့်ရုပ်သေး အဖွဲများနှင့် စစ်ကောင်စီတပ်ဖွဲများကို အမြစ်ပြတ်တိုက်ဖျက်ချေမှုန်းနိုင်ရေး၊ ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို ကာကွယ်နိုင်ရေး၊ မိမိကိုယ်မိမိ ခုခံကာကွယ်နိုင်ရေး၊ မိမိတို ဒေသကို မိမိတို ယခုထက် ပိုမိုထိန်းချုပ်နိုင်ရေး၊ မိမိတိုအဖွဲအစည်းများအပေါ် စစ်ကောင်စီမှ လေကြောင်း၊ လက်နက်ကြီးများဖြင့် နေ့၊ ည အချိန်မရွေး ပစ်ခတ်တိုက်ခိုက်နေမှုများအပေါ် ဟန့်တားမှုရရှိနိုင်ရေး၊ မြန်မာပြည်သူတစ်ရပ်လုံး၏ လိုလားချက်ဖြစ်သော စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးတိုအတွက် ယနေ့ နံနက်ပိုင်းမှစတင်၍ MNTJP / MNDAA ၏ တပ်မဟာ ၂၁၁၊ ၅၁၁၊ ၆၁၁ တို့က ချင်းရွှေဟော်၊ ကွမ်းလုံ၊ မုံးကိုး၊ လားရှိး၊ နန်ကျွမ်းဒေသများရှိ စစ်ကောင်စီတပ်များကို ထိုးစစ်ဆင် နွဲခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးများကို ဆက်တိုက်အသုံးပြုပြီး ခုခံနေသကဲ့သို တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့များအေနဖြင့် ၁၀၂၇ စစ်ဆင်ရေး ပစ်မှတ်များကို ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း တရားဝင် ကြေညာထားသည်။

လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်း ချင်းရွှေဟော်မြို့ကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ကိုးကန့် MNDAA အလံကို လွှင့်ထူထား ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article