ပခုက္ကူမြို့နယ်၊ ဖလံအိုနှင့် ကန်ပေါက်စုကျေးရွာများကို ပျူစောထီးများက မီးရှို့ဖျက်ဆီးပြီး ပစ္စည်းများနှင့် နွားများကို ခိုးယူလုယက်
ရန်ကုန်၊ အောက်တိုဘာ ၂၈
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ ဖလံအိုစံပြကျေးရွာနှင့် ကန်ပေါက်စုကျေးရွာများ ကို အောက်တိုဘာ ၂၇ ရက်နေ့တွင် ပျူစောထီးများက မီးရှို့ဖျက်ဆီးကာ ပြည်သူပိုင်ပစ္စည်းများနှင့် နွားများကို ခိုးယူသွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
မီးရှို့ဖျက်ဆီးမှုကြောင့် ပြည်သူပိုင်နေအိမ် ၇ လုံးမီးလောင်ပျက်စီးခဲ့ပြီး ကန်ပေါက်စုကျေးရွာမှ ထရမ်စဖော်မာများကိုလည်း ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ပြောကြားသည်။
ဖလံအိုစံပြကျေးရွာနှင့်ကန်ပေါက်စုကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သည့် ပျူစောထီးများမှာ အောင်သာရွာ၊ရှင်မကန်ရွာ၊ဇီးကုန်းရွာ၊မန်ကျည်း ကန်ရွာများမှ ပျူစောထီးများဖြစ်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။