29.5 C
Yangon

ရေဖြူတွင် စစ်ယာဉ်တန်းကို ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးသူ များပြား၊ စစ်ကိုင်းရှိ စစ်တပ်၏ တိုးဂိတ်ရှိ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၂ ဦး သေဆုံး

Must read

ရေဖြူတွင် စစ်ယာဉ်တန်းကို ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးသူ များပြား၊ စစ်ကိုင်းရှိ စစ်တပ်၏ တိုးဂိတ်ရှိ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၂ ဦး သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၂၈

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ရန်ကင်းကျေးရွာအနီးတွင် ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးပြီး ပြန်လာသော အကြမ်းဖက် စစ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၁၆ ဦးသေဆုံးခဲ့ကြောင်း ထားဝယ်ခရိုင် တပ်ရင်း ၁ ထံမှ သိရသည်။

အောက်တိုဘာလ ၂၆ ရက် ည ၉ နာရီခွဲခန့်က ရေဖြူမြို့နယ်၊ နဘုလယ်ဒေသရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးပြီး ပြန်ထွက်လာသော အကြမ်းဖက် စစ်ကောင်စီယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ရန်ကင်းရွာ အနီးအရောက် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၁၆ ဦးသေဆုံးခဲ့ပြီး ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိကာ ကား ၁ စီးလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင် ၊ အမှတ် ၁ တပ်ရင်း၊ ဇင်ယော် တပ်ဖွဲ့(ရေဖြူ-ပကဖ) ဝေဟင်တပ်ဖွဲ့(ရေဖြူ-ပကဖ)နဂါးနီပြောက်ကျားတပ်ဖွဲ့ ၊ YPDF နှင့် DDT တပ်ခွဲ ၃ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန် လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ကန့်တလူ တိုးဂိတ်တွင် ဆက်ကြေးကောက်နေသော စစ်သားနှင့် ရဲများကို တ ရက် ဆက်တိုက် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦးသေဆုံးခဲ့ကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာ ဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ အောက်တိုဘာလ ၂၇ ရက် နံနက် ၁၁ နာရီခန့်က ဗုံးသီး ၂ လုံး၊ ယနေ့ အောက်တိုဘာလ ၂၈ ရက် ညနေ ၃ နာရီခန့်က ဗုံးသီး ၂ လုံး စုစုပေါင်း ၄ လုံးဖြင့် စစ်ကိုင်းမြို့နယ်၊ ကန့်တလူတိုးဂိတ်၌ ဆက် ကြေးကောက်နေသော အကြမ်းဖက်စစ်သား၊ ယာဉ်ထိန်းရဲ၊ ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးသီး ၄ လုံးကျဲ ချ တိုက်ခိုက်ခဲ့ရာ ရဲ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၂ ဦးသေဆုံးသွားကြောင်း သိရသည်။

“မနေ့ကနဲ့ ဒီနေ့ ၂ ရက်ဆက်တိုက် ဗုံးသီးကျဲချတိုက်ခိုက်ခဲ့တာ၊ မနေ့က ရဲနှစ်ယောက်ထိတယ်၊ ဆေးရုံ ပို့တဲ့အချိန် ဆေးရုံမှာ တစ်ယောက်သေတယ်၊ ဒီနေ့ ထပ်ချတော့ သုံးယောက်ထိပြီး တစ်ယောက် ထပ် သေ တယ်၊ အတိအကျ သိရတာပါ၊” ဟု ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article