26 C
Yangon

သိန္နီမြို့ရှိ နမ္မတူ မြစ်ကူးတံတား မိုင်းခွဲလိုက်သဖြင့် ပြိုကျပျက်စီးသွား၊ သိန္နီမြို့ပြင် ပတ်ဝန်းကျင်တစ်ခုလုံးကို တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထား

Must read

သိန္နီမြို့ရှိ နမ္မတူ မြစ်ကူးတံတား မိုင်းခွဲလိုက်သဖြင့် ပြိုကျပျက်စီးသွား၊ သိန္နီမြို့ပြင် ပတ်ဝန်းကျင်တစ်ခုလုံးကို တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထား

ရန်ကုန်၊ အောက်တိုဘာ ၃၀

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ်ရှိ နမ္မတူ မြစ်ကူးတံတားသည် မိုင်းခွဲခံရသဖြင့် ပျက်စီးသွားကြောင်း ဒေသပြည်သူများနှင့် စစ်တပ် သတင်းရင်းမြစ်များထံမှ သိရှိရသည်။

ယနေ့ အောက်တိုဘာလ ၃၀ ရက်နေ့ နံနက်အစောပိုင်းတွင် သန္နီမြို့အထွက်ရှိ နမ္မတူ မြစ်ကူးတံတား မိုင်းခွဲခံရခြင်းဖြစ်ပြီး တံတားမှာ သုံးမရသည်အထိ ပျက်စီးသွားကြောင်း သိရှိရသည်။

“အဲဒီ နမ္မတူ တံတားက တိုက်ပွဲတွေဖြစ်တိုင်း မိုင်းခွဲခံရတဲ့ တံတားပါ။ ၂၀၁၂၊ ၂၀၁၆ ကာလ မတည်မငြိမ်ဖြစ်တုန်းကလည်း မိုင်းခွဲခံရတယ်။ အဲဒီတောက်လျှောက်မှာလည်း ခဏခဏ မိုင်းမိတာ၊ ပစ်ခတ်မှုဖြစ်တာတွေဖြစ်တယ်။ အဓိက အဲဒီတံတားက အရေးပါတဲ့ တံတားတစ်ခုဖြစ်တယ်။ စစ်တပ်ရဲ့ ထောက်ပို့အတွက် အရေးကြီးတယ်။ သန္နီ မြို့အဝင်အထွက်အတွက် အရေးကြီးတဲ့ တံတားမို့ အခုလည်း မိုင်းထပ်ခွဲခံရတာပါ” ဟု သိန္နီမြို့ခံတစ်ဦးက ရှင်းပြသည်။

လက်ရှိတွင် သိန္နီမြို့ ပတ်ပတ်လည်ရှိ စခန်းများ၊ ဗျူဟာကုန်းများ၊ တပ်ဂိတ်များ၊ မြို့အဝင်ဂိတ်များအားလုံးကို တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားပြီး မြို့တွင်းထဲသို့လည်း တဖြည်းဖြည်း ဝင်ရောက်လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article