26 C
Yangon

နတ်မောက်ရှိ ရုံးပင်ကွက်‌ရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု သံဃာတော် ၁ ပါး ထိခိုက်ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းပျက်စီး၊ မြေပြင်ကလည်း အင်အားသုံး စစ်ကြောင်းထိုးနေ

Must read

ရန်ကုန်၊ ဇွန် ၅

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ရုံးပင်ကွက်‌ရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု သံဃာတော် ၁ ပါး ထိခိုက်ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းပျက်စီးကာ မြေပြင်ကလည်း အင်အားသုံး စစ်ကြောင်းထိုးနေကြောင်း နတ်မောက်မြို့နယ် ပကဖ ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ ပြောဆိုချက်အရ သိရသည်။

ယနေ့ ဇွန်လ ၅ ရက်နေ့တွင် မကွေးလေတပ်မှ တက်လာသော လေယာဉ် ၁ စီးက နတ်မောက်မြို့နယ် အရှေ့ခြမ်းရှိ ရုံးပင်ကွက်‌ကျေးရွာ ဘုန်းကြီးကျောင်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပေါင် ၅၀၀ ဗုံး ၁ လုံး ၊ ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုဗုံးကျဲ တိုက်ခိုက်မှုအတွင်း ရုံးပင်ကွက်‌ကျေးရွာ ဘုန်းကြီးကျောင်းမှ သက်တော် ၆၀ နှစ်အရွယ်ရှိ သံဃာတော် ၁ ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်းဆောင်များလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ မကွေးလေတပ်ကနေ တက်လာတဲ့ လေယာဉ် ၁ စီးနဲ့ ဗုံးကျဲသွားတာပါ။ ရော့ကတ်တွေနဲ့လည်း ပစ်ခတ်တိုက်ခိုက်ခဲ့တာပါတယ်။ ရုံးပင်ကွက်‌ကျေးရွာ ဘုန်းကြီးကျောင်းက သက်တော် ၆၀ နှစ် အရွယ် သံဃာတော် ၁ ပါးလည်း ထိခိုက်ဒဏ်ရာရရှိတယ်။ ဘုန်းကြီးကျောင်းဆောင်လည်း ပျက်စီးခဲ့တယ်လို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် နတ်မောက်မြို့နယ် ပကဖ ကလည်း မြေပြင်တွင် အကြမ်းဖက် စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေခြင်းကြောင့် ပြည်သူများ သတိပြုနေထိုင်ကြရန် ယနေ့ ဇွန်လ ၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အလားတူ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့ကလည်း နတ်မောက်မြို့နယ်၊ ကြက်သောက်တွင်းရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံးကျဲချ တိုက် ခိုက်ခဲ့ကာ ပြည်သူ ၃ ဦးသေဆုံးခဲ့သည်။

ဓာတ်ပုံ – မန္တလေးတိုင်း အတွင်းရှိ ကျေးရွာတစ်ခုကို စစ်တပ်က ညအချိန် လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့စဉ် (ပုံအဟောင်းဖြစ်သည်)

S

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article