Khit Thit သတင်းဌာန၏ အောက်တိုဘာ ၃၀ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ အောက်တိုဘာ ၃၀ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
– ကိုးကန့် MNDAA တပ်ဖွဲ့က လာရောက်တိုက်ခိုက်ဖို့ ရှိနေတဲ့အတွက် လောက်ကိုင်မြို့မှာ အကြမ်း ဖက်စစ်တပ်နဲ့ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တွေက စစ်တိုက်ဖို့ ပြင်နေကြပြီး ၊ အစား အသောက် ကြိုတင်စုဆောင်းမှုတွေ ၊ မြိုု့က ထွက်ပြေးသူတွေနဲ့ ဝရုန်းသုန်းကား ဖြစ်နေကြတယ်လို့ ဒေသခံ ပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
– ရှမ်းပြည်နယ် မြောက်ပိုင်း ၊ သိန္နီမြိုမှာရှိတဲ့ နမ္မတူ မြစ်ကူးတံတား ဟာ မိုင်းခွဲမှုအတွင်း ပြိုကျသွား ပြီး ၊ လက်ရှိ သိန္နီမြို့ပြင် ပတ်ဝန်းကျင်တစ်ခုလုံးကို တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။
– ရှမ်းပြည်နယ်က NDAA မိုင်းလား အဖွဲ့ ခေါင်းဆောင် ဦးစိုင်းလင်းဟာ ကျန်းမာရေး မကောင်း တဲ့ အတွက် တောင်ကြီးဆေးရုံကတစ်ဆင့် အထူးလေယာဉ်နဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာ သွားရောက် ဆေးကု သမှုခံယူနေသလို ၊ အကြမ်းဖက် စစ်ကောင်စီက အကြီးအကျယ် ကူညီပံ့ပိုးနေတဲ့ သတင်း အပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။