30.5 C
Yangon

ရေဦးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး စစ်ကြောင်းထိုးနေ၊ ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

Must read

ရေဦးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး စစ်ကြောင်းထိုးနေ၊ ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ အောက်တိုဘာ ၃၀

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး စစ်ကြောင်းထိုးနေကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းက စတင်ကာ ဒီပဲယင်းမြို့နယ်အတွင်း ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ရေဦးမြို့နယ်ရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဝင်ရောက်စီးနင်းခြင်းကြောင့် လက်ရှိချိန်တွင် ရေဦးအနောက်ခြမ်းရှိ မစိုးရိမ်ရွာ၊ ပျော်ဘွယ်ရွာ၊ အောင်သာရွာ၊ မူးဆုံရွာ၊ မုတ်စီရွာ၊ ခြုံရွာ၊ ကျီကုန်းရွာ၊ ဇီးကုန်းရွာ၊ ရွာမိဿာရွာနှင့် ငြုတ္တုံရွာ တို့မှ ပြည်သူများသည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“ဒီပဲယင်းအနောက်ခြမ်းကို ၈ ရက်ကြာ စစ်ကြောင်းထိုး မီးရှို့ခဲ့တဲ့ ခလရ ၇၁ စစ်ကြောင်းက ဒီနေ့မနက် ဒီပဲယင်းကနေ ရေဦးအနောက်ခြမ်းရွာတွေဘက်ကို လက်နက်ကြီးတွေပစ်ခတ်ပြီး စစ်ကြောင်းထိုးလာနေတယ်။ ကျေးရွာ ၁၀ ရွာ​ကျော်က ပြည်သူတွေ ဘေးလွတ်ရာကို ကြိုရှောင်နေကြတယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) ကပြောဆိုသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မစိုးရိမ်ရွာမှ ဆက်လက်ထွက်ခွာလာပြီး ယူကလစ်ခြံဘက်မှ ချောင်းဘောင်တစ်လျှောက် ရွာမိဿာ ဘက်ကို ဦးတည် ထွက်ခွာနေကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article