26 C
Yangon

မြန်မာ-အန္ဒိယနယ်စပ်၊ ရိခေါ်ဒါရ်မြို့တွင် တိုက်ပွဲဖြစ်ပွားနေပြီး CNDF တပ်ဖွဲ့ဝင် ၂ ဦး ဖမ်းဆီးခံရ (ရုပ်/သံ)

Must read

ရန်ကုန်၊ မတ် ၂၆

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ အိန္ဒိယ-မြန်မာနယ်စပ်၊ ရိခေါ်ဒါရ်မြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ချင်းတပ်ဖွဲ့ကြား ယနေ့ မတ်လ ၂၆ ရက်နံနက်၌ တိုက်ပွဲဖြစ်ပွားနေပြီး လက်ရှိအချိန်တွင် CNDF တပ်ဖွဲ့ဝင် ၂ ဦး ဖမ်းဆီးခံထားရကြောင်း သတင်းရရှိသည်။

“တိုက်ပွဲက မနက် ၅ နာရီခွဲလောက်မှာ စဖြစ်တာ၊ အခုထိ ကွက်ကြား ပစ်နေတုန်းပဲ၊ CNDF က ၁ ယောက် ကျတယ်လို့ ကြားတယ်၊ စစ်တပ်ဘက်က သေစာရင်းတော့ မသိရသေးဘူး” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပေးပို့သည်။

အပြန်အလှန်ပစ်ခတ်မှုကြောင့် နှစ်ဖက် ထိခိုက်သေဆုံးစာရင်းကို ရန်ကုန်ခေတ်သစ်က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ရန်ကုန်ခေတ်သစ်က ရရှိထားသော ဗီဒီယိုတွင် ရိခေါ်ဒါရ်နှင့် မီဇိုရမ် နယ်စပ်ကုန်သွယ်ရေးတံတားထိပ်၌ အကြမ်းဖက်စစ်ကောင်စီ စစ်သား ၂ ဦးသည် လက်နက်မပါသည့် လူငယ် ၂ ဦးကို မြေကြီးပေါ် မှောက်ထားခိုင်းပြီး လက်ပြန်ကြိုးတုပ်နေကြောင်း မြင်တွေ့ရသည်။

လက်ရှိအချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များသည် တအိမ်တက်ဆင်း လိုက်လံ စစ်ဆေးနေကြောင်း၊ ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရကြောင်း၊ မည်သမျှ အိမ်အပြင် မထွက်ရဲကြကြောင်း ဒေသသတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။

ယမန်နေ့တွင် နယ်စပ်ကုန်သွယ်ရေးတံတား၌ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF အလံလွှင့်ထူခဲ့ပြီး ယနေ့ဖြစ်ပွားသည့်တိုက်ပွဲသည် အဆိုပါ ကိစ္စနှင့် သက်ဆိုင်နိုင်ကြောင်း ဒေသသတင်းရင်းမြစ်က ဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article