30 C
Yangon

Breaking News- မုံးကိုး အခြေပြု တပ်မ ၉၉ တပ်မမှူး ဗိုလ်မှူးချုပ်/ဗိုလ်မှူး ကြီး အောင်ကျော်လွင် ဒရုန်းဗုံးထိမှန်ပြီး သေဆုံး ၊ ခမရ ၁၁၃ ဒုတပ်ရင်းမှူးနှင့် အရာရှိ များအပါအဝင် ၇ ဦး၊ ခမရ ၄၁၈ မှ အရာရှိနှင့်စစ်သည်များ အများအပြား သေဆုံး

Must read

Breaking News- မုံးကိုး အခြေပြု တပ်မ ၉၉ တပ်မမှူး ဗိုလ်မှူးချုပ်/ဗိုလ်မှူး ကြီး အောင်ကျော်လွင် ဒရုန်းဗုံးထိမှန်ပြီး သေဆုံး ၊ ခမရ ၁၁၃ ဒုတပ်ရင်းမှူးနှင့် အရာရှိ များအပါအဝင် ၇ ဦး၊ ခမရ ၄၁၈ မှ အရာရှိနှင့်စစ်သည်များ အများအပြား သေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၆

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုး အခြေပြု တပ်မ ၉၉ တပ်မမှူး ဗိုလ်မှူးချုပ်/ဗိုလ်မှူးကြီး အောင်ကျော်လွင်သည် ယနေ့တွင် ဒရုန်းဗုံးထိမှန်၍ သေဆုံးသွားကြောင်း စစ်တပ်သတင်းရင်းမြစ်တချို့နှင့် CD‌M စစ်အရာရှိအသိုင်းအ၀ိုင်းက ပြောဆိုကြသည်။

စစ်တက္ကသိုလ်အပတ်စဉ် ၄၁ ကျောင်းဆင်း ဗိုလ်မှူးချုပ်/ဗိုလ်မှူး‌ကြီးအောင်ကျော်လွင်သည် ယနေ့တွင် မုံးကိုး အခြေပြု ဗျူဟာစခန်းတွင် ဒရုန်းဗုံးထိမှန်သေဆုံးခြင်းဖြစ်ကြောင်း၊ တပ်မ ၉၉ လက်အောက်ခံတပ်များဖြစ်သည့် ခမရ ၁၁၃ ၊ ခမရ ၄၁၈ အပါအဝင် တပ်များသည် ရှမ်းပြည်မြောက်ပိုင်းတွင် သေဆုံးမှု အလွန် များပြားနေကြောင်း စစ်တပ်အသိုင်းအဝိုင်းက ပြောဆိုသည်။

“တပ်မ ၉၉ တပ်မမှူး ဗိုလ်မှူးချုပ်/ဗိုလ်မှူးကြီး အောင်ကျော်လွင် ကျတယ်လို့ သတင်းတွေက ဝင်လာပါတယ်။ မိတ္တီလာအခြေစိုက် တပ်မ ၉၉လက်အောက်ခံတပ်တွေ တပ်ပျက်ကြောက်ရွံနေကြပါတယ်။ နေ့စဥ်နဲ့အမျှအကျအရှုံးများတယ်။ တပ်တွေထဲမှာ နေ့စဥ် ပရိတ် ပဠန်းတွေကို အသံချဲ့စက်တွေနဲ့ ဖွင့်ဖတ်ပြီးရွတ်နေရပါတယ်။ ဒီရက်ပိုင်းအတွင်းမှာ ခမရ ၁၁၃ ဒုတိယတပ်ရင်းမှူးနဲ့ အခြားအဆင့် ၇ ဦးကျပါတယ်။ ခမရ ၄၁၈ ထဲမှာလည်း အရမ်းအကျများတယ်။ စစ်သားသေဆုံးမှုကတော့ တပ်မ ၉၉ လက်အောက်ခံတပ်တွေမှာ နာရေးတွေချည်းပဲဖြစ်နေတယ်” ဟု တပ်တွင်းသတင်းရင်းမြစ်က ပြောဆိုသည်။

ဗိုလ်မှူးကြီးအောင်ကျော်လွင်သည် အမှတ်(၈)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (အတိုကောက် စကခ(၈)) သည် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် နယ်မြေဖြစ်သော တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင်တည်ရှိသည့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် မှ ရာထူးတိုးဖြင့် တပ်မ ၉၉ တပ်မမှူးအဖြစ် ယခုနှစ် ဩဂုတ်လတွင် ပြောင်းရွှေ့လာသူဖြစ်ကြောင်း သိရှိရသည်။

CDM ဗိုလ်ကြီးတစ်ဦးက တပ်မ ၉၉ တပ်မမှူး သေဆုံးသည်ဆိုသော သတင်းများ ဝင်ရောက်နေကြောင်း၊ ဗိုလ်မှူးကြီးရာထူးဖြင့် တပ်မ ၉၉ တပ်မမှူး ကျဆုံးသည်ဆိုပါက ဗိုလ်မှူးချုပ်အပွင့်တင်ရန် စောင့်ဆိုင်းနေသည့် အစမ်းခန့်ကာလကို ဖြတ်ကျော်နေသည့် မကြာသေးမီကမှ ရာထူးတိုးထားသည့် ဗိုလ်မှူးကြီး အဆင့် အရာရှိဖြစ်ကြောင်း ပြောဆိုသည်။

“အပတ်စဉ် ၄၁ တွေက ဗိုလ်မှူးချုပ်တွေ ဗိုလ်မှူးကြီးတွေဖြစ်နေပြီ။ တပ်မမှူးကတော့ ဗိုလ်မှူးချုပ် Level ပေါ့။ အခု တပ်မမှူး ၉၉ က ဗိုလ်မှူးကြီးရာထူးနဲ့ဆိုရင် ဗိုလ်မှူးချုပ်ရာထူးလစာ စားနေပြီ။ အစမ်းခန့် ၁ နှစ်ကာလ ဖြတ်ကျော်ပြီးမှ ဘာပြဿနာမှ မရှိမှ ဗိုလ်မှူးချုပ် အပွင့်တင်မှာပေါ့” ဟု CDM ဗိုလ်ကြီးက ရှင်းပြသည်။

ဓာတ်ပုံ- ရှမ်းပြည်နယ်မြောက်ပိုင်းတွင် သေဆုံးနေကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article