26 C
Yangon

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ၊ နမ့်ခမ်းမြို့နယ်ရဲစခန်း၊ တရားရုံး အပါအဝင် အချက်အချာကျ နေရာစခန်းများကို TNLA က သိမ်းပိုက်၊ မန်တုံမြို့နယ်ရဲစခန်းလည်း TNLA လက်အောက်ရောက်ရှိ

Must read

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ၊ နမ့်ခမ်းမြို့နယ်ရဲစခန်း၊ တရားရုံး အပါအဝင် အချက်အချာကျ နေရာစခန်းများကို TNLA က သိမ်းပိုက်၊ မန်တုံမြို့နယ်ရဲစခန်းလည်း TNLA လက်အောက်ရောက်ရှိ

ရန်ကုန်၊ နိုဝင်ဘာ ၆

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ၊ မန်တုံမြို့နယ်နှင့် နမ့်ခမ်းမြို့နယ်တို့ရှိ စခန်းများနှင့် လက်နက်ခဲယမ်းများTNLA တအာင်းတပ်မတော်က သိမ်းပိုက်လိုက်ကြောင်း TNLA က သတင်းထုတ်ပြန်သည်။

နမ့်ခမ်းမြို့ရှိ ရဲစခန်း၊ တရားရုံးအပါအဝင် မြို့လယ်ရှိ နေရာများကို TNLA က လုံခြုံရေးရယူထားသော ဓာတ်ပုံများကို ထုတ်ပြန်ထားရာ ယင်းဓာတ်ပုံများအရ နမ့်ခမ်းမြို့ကို TNLA က သိမ်းပိုက်ရရှိပြီဟု ဆိုနိုင်ကြောင်း နမ့်ခမ်းမြို့ခံ ပြည်သူတစ်ဦးက ပြောဆိုသည်။

“နမ့်ခမ်းမြို့က ကျဉ်းကျဉ်းလေးပါ။ တရားရုံးနဲ့ ရဲစခန်းတို့ဆိုတာက မြို့အချက်အချာလို့တောင်ပြောလို့ရတယ်။ အဲဒီနေရာတွေနဲ့ တပ်စခန်းကုန်းတွေ မရှိတော့ဘူးဆိုရင် နမ့်ခမ်းမြို့ ကို သိမ်းပိုက်လို့ရသွားတယ်လို့ ပြောလို့ရတယ်” ဟု ရန်ကုန်မြို့တွင် ရောက်ရှိနေသည့် နမ့်ခမ်းမြို့မှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ယနေ့ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်အချိန်တွင် TNLA က နမ့်ခမ်းမြို့လယ်ဘုရားဝန်းအတွင်း ပုန်းခိုနေသော စစ်ကောင်စီတပ်ကို ပိတ်ဆို့ တိုက်ခိုက်ခဲ့ကြောင်း ၊ ယနေ့ နံနက် ၆ နာရီတွင် နမ့်ခမ်းမြို့ရှိ “နမ့်ခမ်းရဲစခန်း” အား အပြီးသတ်ချေမှုန်း သိမ်းပိုက်ခဲ့ကြောင်း တရားဝင်သတင်းထုတ်ပြန်ထားသည်။

ထို့ပြင် TNLA က မန်တုံမြို့နယ်ရဲစခန်းကိုလည်း သိမ်းပိုက်ထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article