28.8 C
Yangon

ယနေ့ ကျရောက်သော ပြည်သူအားလုံး ပါဝင်နိုင်သည့် “အောင်သပြေ လူထုလှုပ်ရှားမှုကြီး” တွင် ပါဝင်ကြရန် တော်လှန်ရေး အင်အားစုများက တိုက်တွန်း

Must read

ယနေ့ ကျရောက်သော ပြည်သူအားလုံး ပါဝင်နိုင်သည့် “အောင်သပြေ လူထုလှုပ်ရှားမှုကြီး” တွင် ပါဝင်ကြရန် တော်လှန်ရေး အင်အားစုများက တိုက်တွန်း

■ နိုင်ငံတစ်ဝန်း စျေးများတွင် ယနေ့ အောင်သပြေ ရောင်းဝယ်မှုများကို တားဆီးရန် စစ်ကောင်စီက ညွှန်ကြားထား

ရန်ကုန်၊ နိုဝင်ဘာ ၁၁

ပြည်သူ အားလုံးပါဝင်နိုင်မည့် “အောင်သပြေ လူထုလှုပ်ရှားမှုကြီး”ကို ၁၁၁၁ (၁ လေးလုံး) နေ့ဖြစ်သည့် ယနေ့ နိုဝင်ဘာ ၁၁ ရက်နေ့တွင် ပြုလုပ်နေပြီဖြစ်ရာ အဆိုပါ နေ့တွင် ပြည်သူများက အောင်အတိတ် အောင်နိမိတ် ဆောင်သည့် သပြေပန်းကို အသုံးပြု၍ ပါဝင်ကြရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားသည်။

ပြည်သူများက သပြေပန်းကို ပန်ဆင်ခြင်း၊ ရင်တွင် ထိုးခြင်း၊ ကိုင်ဆောင်ခြင်း၊ ဘုရားတွင် တင်ခြင်း၊ လှူခြင်း၊ စားပွဲမှာ တင်ခြင်း၊ အိမ်ရှေ့ ကပ်ဆွဲခြင်း၊ သပြေပန်း ကိုင်ဆောင်ပြီး လူထုသပိတ်များ ဆင်နွှဲခြင်း အစရှိသည့် အဆင်သင့်ရာ လှုပ်ရှားမှုများကို ကြိုက်နှစ်သက်သလို ဖော်ဆောင်နိုင်ပြီး အခြေအနေပေးသည့် ပြည်သူများအနေနှင့် ဒီလှုပ်ရှားမှု ပုံရိပ်များကို အွန်လိုင်း လူမှုကွန်ရက်များတွင် မျှဝေကြနိုင်ကြောင်း သိရှိရသည်။

ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးများတွင် ယနေ့ အောင်သပြေ ရောင်းဝယ်မှုများကို တားဆီးရန် စစ်ကောင်စီက ရဲ၊ စစ်တပ်၊ စည်ပင်နှင့် ထွေအုပ်များကို ညွှန်ကြားချက် ပေးထားကြောင်း သိရှိရသည်။

“ဒီနေ့ ရန်ကုန်မှာ စမ်းချောင်း နဲ့ ရန်ကင်း မြို့နယ်တွေမှာ သပြေပန်းမရောင်းရဘူးလို့ စည်ပင်နဲ့ ရယကတွေ လိုက်လံတားမြစ်နေပါတယ်။ ဈေးသည်တွေကို နှုတ်နဲ့တားမြစ်ထားတာပါ။ ၀ယ်ထားပြီး‌သားသပြေပန်းတွေရှိရင်လည်း မနက်ဖြန်မရောင်းရဘူးလို့ပြောတယ်။ နိုဝင်ဘာလ ၁၂ ရက်နေ့မှ အောင်သပြေတွေ ပြန်ရောင်းရမယ်ဆိုပြီး တားမြစ်ထားပါတယ်” ဟု ရန်ကုန်မြို့မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- ယနေ့ အောင်သပြေလှုပ်ရှားတွင် ပါဝင်နေသည့် ပြည်သူတစ်ဦး

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article