Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၁၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ နိုဝင်ဘာ ၁၁ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
– ဒီကနေ့ ကျရောက်တဲ့ တစ်လေးလုံးနေ့ ၁၀၂၇ လှိုင်းတွေကို အောင်သပြေနဲ့ကြိုဆို ဆိုတဲ့ “အောင်သပြေ လူထုလှုပ်ရှားမှုကြီး”မှာ နိုင်ငံတစ်ဝန်းက ပြည်သူတွေ ပါဝင်နေကြပြီး ၊ စစ်ကောင်စီ ဝင်တွေကတော့ အောင်သပြေ ရောင်းဝယ်မှုတွေကို လိုက်လံ တားဆီး ပိတ်ပင်နေတယ်ဆိုပါတယ်။
– စစ်ကိုင်းတိုင်း၊ ကောလင်းမြို့မှာ တော်လှန်ရေးတပ်ဖွဲ့တွေကနေ သိမ်းပိုက်ရရှိထားတဲ့ ကောလင်း မြို့မ ရဲစခန်းက နိုင်ငံရေးအကျဉ်းသားတွေကို ဂုဏ်ပြုအားပေးစကား ပြောကြားပြီး ပြန်လွှတ် ပေး လိုက်ပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ NUG ပြည်ထဲရေးဝန်ကြီးဌာနကနေ တရားဝင် သတင်း ထုတ်ပြန်ထားပါတယ်။
– ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ပေါ်မှာ ဒီကနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့ မနက်အစောပိုင်းကစပြီး တိုက်ပွဲတွေ စတင်နေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
