32 C
Yangon

ကရင်နီတွင် စစ်လေယာဉ်တစ်စီး ပျက်ကျမှုကို “ကရင်နီငှက်ကင် အတည်ပြုပါတယ်” ဟု KNDF ဒုစစ်ဦးစီးချုပ်ပြောဆို၊ ကရင်နီတပ်မတော်ဘက်မူ စုံစမ်းနေဆဲဟုဆို

Must read

ကရင်နီတွင် စစ်လေယာဉ်တစ်စီး ပျက်ကျမှုကို “ကရင်နီငှက်ကင် အတည်ပြုပါတယ်” ဟု KNDF ဒုစစ်ဦးစီးချုပ်ပြောဆို၊ ကရင်နီတပ်မတော်ဘက်မူ စုံစမ်းနေဆဲဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၁၁

ကရင်နီတွင် စစ်ကောင်စီတပ်၏ စစ်လေယာဉ်တစ်စီး ပျက်ကျမှုကို “ကရင်နီငှက်ကင် အတည်ပြုပါတယ်” ဟု KNDF ဒုစစ်ဦးစီးချုပ်မာဝီက လူမှုကွန်ရက်မှတစ်ဆင့် သတင်းထုတ်ပြန်သည်။

ယနေ့ လွိုင်ကော်အပါအဝင် ကရင်နီပြည်နယ်တစ်ဝန်းရှိ စစ်ကောင်စီစခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ပြီးနောက် စစ်တပ်ဘက် လေကြောင်း မှတစ်ဆင့် တိုက်ခိုက်လာကြောင်း၊ ယင်းနောက် ညနေ ၄ နာရီဝန်းကျင်အချိန် ယာဒို(သို့မဟုတ်) ဖရူဆိုတွင် စစ်လေယာဉ် ပျက်ကျသွားကြောင်း ကရင်နီသတင်းရင်းမြစ်တချို့ က ပြောဆိုသည်။

သို့ရာတွင် စစ်လေယာဉ်ပျက်ကျမှု သတင်းကို ဆက်လက် အတည်ပြုနိုင်ရန် ကြိုးပမ်းနေသည်ဟု ကရင်နီတပ်မတော်က ပြောသည်။

“သတင်းကတော့ အမျိုးမျိုးထွက်နေတယ်၊ အခုကတော့ လိုက်ပြီးတော့ စုံစမ်းခိုင်းတုန်းပဲ၊ ကျနော်က လည်းအတည်ပြုလို့မရနိုင်သေးဘူး၊ သတင်းက အမျိုးမျိုးဖြစ်နေတယ်၊ တစ်ချို့ကလည်း ဖရူဆိုလို့ ပြော တယ်၊ တချို့ကလည်း ယာဒိုလို့ပြောတယ်၊ ကျနော်လည်း နားကိုမလည်နိုင်တော့ဘူးလေ၊ အတည်ပြုလို့ ခက်တယ်၊ တိအကျမှုမရှိတော့ အတုအယောင်ဖြစ်နိုင်တယ်လေ၊ တိကျမှဖြေပေးလို့ရတာဆိုတော့ သည်းခံပေးဦးနော်” ဟု KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောကြားသည်။

စစ်လေယာဉ်ပေါ်မှ လေယာဉ်မှူး နှစ်ဦး ထွက်ပြေးသည်ဆိုသော လေထီးနှင့် လေယာဉ်ဦးထုပ်၏ ဓာတ်ပုံများကို Mizzima သတင်းဌာနက ဖော်ပြထားပြီး ကရင်နီရှေ့တန်းသတင်းရင်းမြစ်တချို့ကလည်း Mizzima သတင်းဌာန၏ ဓာတ်ပုံများကို ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပေးပို့လာသည်။

ကရင်နီပြည်တွင် ယနေ့ နံနက်ပိုင်း စစ်ကောင်စီတပ်စခန်း ၇ ခုကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ရရှိထားကြောင်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ- Mizzima သတင်းဌာနက တင်ထားသည့် လေယာဉ်ပျက်ကျမှုမှ ဓာတ်ပုံမှတ်တမ်းတချို့။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article