28 C
Yangon

ရန်ကုန်တွင် အင်းစိန်မြို့မရဲစခန်း၊ အင်းစိန်ထောင်ဂိတ်အမှတ် ၂ ၊ မြောက်ဥက္ကလာစည်ပင်ရုံး၊ သာကေတ တို့တွင် ယနေ့ ညပိုင်း ဗုံးခွဲ ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွား ၊ ပစ်ခတ်သံများနှင့်အတူ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ဒဏ်ရာရ

Must read

ရန်ကုန်တွင် အင်းစိန်မြို့မရဲစခန်း၊ အင်းစိန်ထောင်ဂိတ်အမှတ် ၂ ၊ မြောက်ဥက္ကလာစည်ပင်ရုံး၊ သာကေတ တို့တွင် ယနေ့ ညပိုင်း ဗုံးခွဲ ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွား ၊ ပစ်ခတ်သံများနှင့်အတူ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ဒဏ်ရာရ

ရန်ကုန်၊ နိုဝင်ဘာ ၁၁

ရန်ကုန်မြို့တွင် အင်းစိန်မြို့မရဲစခန်း၊ အင်းစိန်ထောင်ဂိတ်အမှတ် ၂ ၊ မြောက်ဥက္ကလာစည်ပင်ရုံး၊ သာကေတ၊ ပြည်သူ့ရင်ပြင်ရှိ စစ်တပ်ဂိတ်တို့ကို ယနေ့ ညပိုင်း ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီး သေနတ် ပစ်ခတ်သံများနှင့်အတူ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ဒဏ်ရာရရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် ဒေသပြည်သူများက ပြောဆိုကြသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့ ည ၇ နာရီ ၁၀ မိနစ်အချိန် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်၊ အင်းစိန်မြို့မရဲစခန်းနှင့် အင်းစိန်အကျဉ်းထောင် ဂိတ်အမှတ်၂တို့ကို ချိန်ကိုက်မိုင်းများအသုံးပြုပြီး တစ်ပြိုင်တည်း ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း KMD18- အမဲလိုက်သမား (Hunter Unit)မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါ စစ်ဆင်ရေး တိုက်ခိုက်မှုအပြီး ထိခိုက်မှုအခြေအနေများအားစုံစမ်းနေဆဲဖြစ်ကြောင်း၊ မစ်ရှင်ပြီးဆုံးပြီး နောက် တော်လှန်ရေးအဖွဲ့သားများအားလုံး ဘေးကင်းရာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ၊ ယခုစစ်ဆင်ရေးကို KMD18- အမဲလိုက်သမား (Hunter Unit)မှ မြောက်ပိုင်းညီနောင်သုံးဖော်၏ ၁၀၂၇စစ်ဆင်ရေးနှင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဟန်ချက်ညီညီ ဆောင်ရွက်နေသော မြို့သိမ်းစစ်ဆင်ရေးများကို ထောက်ခံကြိုဆိုပြီး ပူးပေါင်းအား ဖြည့်ဆောင်ရွက်ခဲ့ခြင်းဖြစ်=ကြောင်း သိရှိရသည်။

KMD18အင်အားစုအနေဖြင့် တော်လန်ရေးမဟာမိတ် ညီနောင်များအားလုံးနှင့်အတူလက်တွဲပြီး အကြမ်းဖက်စစ်တပ်ကို အရှိန်မြင့်တိုက်ခိုက် ချေမှုန်းသွားမည်ဖြစ်ကြောင်း အဆိုပါ တပ်ဖွဲ့က ပြောဆိုသည်။

အလားတူ ရန်ကုန်မြို့၊ ​မြောက်ဥက္ကလာမြို့နယ် စည်ပင်ရုံးကို ဖောက်ခွဲ တိုက်ခိုက်မှု အရပ်ဝတ် စစ်ကောင်စီ တပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြောက်ဥက္ကလာ ပကဖ တပ်ဖွဲ့ ၂ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန် ပြည်သူများ တိုင်ကြားမှုများလာသော မြောက်ဥက္ကလာ စည်ပင်ရုံးကို ပြည်သူ့ကာကွယ်ရေး တပ်ခွဲ ၂ က အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့​ပြီး အရပ်ဝတ် စစ်ကောင်စီ တပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

” မြောက်ဥက္ကလာ စည်ပင်ရုံးကို ဖောက်ခွဲ တိုက်ခိုက်တာ အရပ်ဝတ်နဲ့ ခွေး ၂ ကောင် ထိခိုက်ဒဏ်ရာရတယ်။ ရဲဘော်တွေတော့ အထိအခိုက်မရှိပါဘူး” ဟု မြောက်ဥက္ကလာ ပကဖ တပ်ဖွဲ့ ၂ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုသည် ၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံကြိုဆိုသည့် အနေဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး ဆက်လက်၍ မြောက်ဥက္ကလာမြို့နယ် အတွင်းရှိ စစ်ကောင်စီ၏ ဒေါက်တိုင်မှန်သမျှကို ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း မြောက်ဥက္ကလာမြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်​ပြောဆိုသည်။

ထို့ပြင်ယနေ့ညပိုင်း သာကေတမြို့နယ်တွင် ပစ်ခတ်သံများနှင့် ဗုံးပေါက်ကွဲသံများ ကြားရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြပြီး အသေးစိတ်အချက်အလက်များကို မသိရှိရသေးပေ။

ဓာတ်ပုံ- ၂၀၂၁ အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြို့များတွင် ညပိုင်း ကင်းလှည့်နေကြစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article