ကျောက်ထု အမြောက်တပ်မှ ဒုအရာခံဗိုလ် ၁ ဦး MA-3 သေနတ် ယူဆောင်လာပြီး အလင်းဝင်လာသောကြောင့် ငွေကျပ် သိန်း ၅၀ ချီးမြှင့်
ရန်ကုန်၊ နိုဝင်ဘာ ၁၃
မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထု အမြောက်တပ်မှ ဒုအရာခံဗိုလ် ၁ ဦး MA-3 သေနတ် ယူဆောင်လာပြီး အလင်းဝင်လာသောကြောင့် ငွေကျပ် သိန်း ၅၀ ချီးမြှင့်ခဲ့ကြောင်း YRA ထီးလင်း အဖွဲ့က ထုတ်ပြန်ထားသည်။
နိုဝင်ဘာလ ၅ ရက်နေ့တွင် ကျောက်ထု အမြောက်တပ်မှ ဒုအရာခံဗိုလ် ၁ ဦးသည် ဂန့်ဂေါခရိုင် တပ်ရင်း ၁၅ ၊ ၁၆၊ ၁၇ YRA ထီးလင်းထံ အလင်းဝင်ရောက်လာကြောင်း သိရသည်။
အဆိုပါ ဒုအရာခံဗိုလ်သည် MA – 3 သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ဘောက်၊ ကျည် ၂၁၉ တောင့်၊ ကျည်ကာအင်္ကျီ ၁ ထည်တို့ ယူဆောင်လာသောကြောင့် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ဂုဏ်ပြုဆုငွေ သိန်း ၅၀ ချီးမြှင့်ကာ လွတ်မြောက်နယ်မြေ တစ်နေရာကို ပို့ဆောင်ထားကြောင်း သိရှိရသည်။
YRA (ထီးလင်း) အနေဖြင့် လက်နက်နှင့်အတူ CDM ပြုလုပ်ဝင်ရောက်လာသော စစ်ကောင်စီ တပ်သားများကို ထိုက်တန်သော ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်လျှက် လွတ်မြောက်နယ်မြေ (သို့မဟုတ်) သွားလိုသော နေရာများကို ဘေးအန္တရာယ်ကင်းစွာ ပို့ဆောင်ပေးလျှက်ရှိကြောင်း သိရသည်။