31 C
Yangon

ပေါက်-ပခုက္ကူ လမ်းပိုင်းတွင် စစ်ကောင်စီ တပ်သား ၁ ဦး ဖမ်းဆီးရမိ၊ ကောလင်းရှိ ကျွန်းလှခုံရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၅ ဦးသေဆုံးကာ PDF ရဲဘော် ၂ ဦး ကျဆုံး

Must read

ပေါက်-ပခုက္ကူ လမ်းပိုင်းတွင် စစ်ကောင်စီ တပ်သား ၁ ဦး ဖမ်းဆီးရမိ၊ ကောလင်းရှိ ကျွန်းလှခုံရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၅ ဦးသေဆုံးကာ PDF ရဲဘော် ၂ ဦး ကျဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁၃

မကွေးတိုင်း၊ ပေါက်-ပခုက္ကူ လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ် ယာဥ်တန်း တိုက်ခိုက်ခံရ၍ ထွက်ပြေးလာသည့် စစ်ကောင်စီ တပ်သား ၁ ဦးကို ဖမ်းဆီးရမိကြောင်း ပြည်သူ့ဒီမိုကရက်တစ်တပ်တော် PDA မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၉ ရက်နေ့တွင် ပေါက်-ပခုက္ကူ လမ်းပိုင်းတွငပေါက်မြို့နယ် ရေပြာရွာ မှ ပခုက္ကူဘက်ကို ထွက်ခွာလာသည့် စစ်ကား ၈၆ စီး၊ အင်အား ၁၀၀ ကျော်ပါသော စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲပြီး မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အဆိုပါ စစ်တပ် ယာဥ်တန်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သား တစ်ဦး ထွက်ပြေးလာပြီး ရေပြာနှင့် ကမ္မ အကြားတွင် တော်လှန်ရေး တပ်ဖွဲ့များက ဖမ်းဆီး ရရှိကာ သက်ဆိုင်ရာတာဝန်ရှိသူများထံ သိမ်းရရှိသော ပစ္စည်းများနှင့်အတူ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ ဒီမိုကရက်တစ်တပ်တော် (PDA) ၊ အနောက်လွင်ပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (WPF) ၊ ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) ၊ ပေါက်မြို့နယ်​ (ပ.က.ဖ) ၊ မြိုင်မြို့နယ် (ပ.က.ဖ)တို့က ပူပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ကျွန်းလှခုံကျေးရွာအနီးတွင်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးကာ PDF ရဲဘော် ၂ ဦးကျဆုံးခဲ့ကြောင်း Kawlin Revolution – KR ထံမှ သိရသည်။

ယမန်နေ့ နိုဝင်ဘာလ ၁၁ ရက် နံနက် ၄ နာရီ မိနစ် ၅၀ ခန့်က ဝန်သိုမြို့နယ်၊ မိုးကောင်းတောင်၌ အ ထိုင်ချထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ကောလင်းမြို့နယ်ဘက်သို့ စစ်ကြောင်း ထိုးဝင်ရောက်စဉ် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးကာ PDF ရဲဘော် ၂ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း သေဆုံးသွားသော အကြမ်းဖက်စစ်ကောင်စီတပ်သား ရုပ်အလောင်းများကို ကျွန်းလှခုံကျေးရွာအရှေ့ဘက် လယ်ကွင်းထဲတွင် စွန့်ပစ်ခဲ့ပြီး ကျွန်းလှခုံကျေးရွာမှ ပြည်သူ လူငယ် ၅ ဦးကို ဓားစာခံဖမ်းဆီးခေါ်ဆောင်သွားကာ ပြန်ဆုတ်သွားကြောင်း သိရသည်။

ယနေ့ နိုဝင်ဘာလ ၁၂ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် ဝန်းသိုမြို့ ၁၂၀ တပ်ရင်းမှ ဟောင်ဝှစ်ဇာ အမြောက် ကြီးများဖြင့် လွှဲမောက်ရွာဘက်သို့ ရမ်းသမ်းပစ်ခတ်ခဲ့ရာ အပြစ်မဲ့ ပြည်သူ ၁ ဦးသေဆုံးပြီး ၅ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ကောလင်းမြို့နယ်ကိုလည်း ကောလင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၁ ၊ တပ်ရင်း ၂ တို့က ထိန်းချုပ်ထားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article