စစ်တပ်၏ အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခံရသည့် ပုလဲမြို့နယ် အေးကုန်းကျေးရွာသို့ စားသောက်ကုန်နှင့်အသုံးအဆောင်များလှူဒါန်း
ရန်ကုန်၊ နိုဝင်ဘာ ၁၃
ပုလဲမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်၏ အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည့် အေးကုန်းကျေးရွာသို့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ခေါင်းဆောင်၊ လူသားစာနာတာဝန်ခံနှင် အမျိုးသမီး၊လူငယ်နှင့်ကလေးသူငယ်တာဝန်ခံတို့ သွားရောက်၍ အားပေးစကားများပြောကြားပြီး ငွေကျပ် သိန်း ၃၀ ခန့်တန်ဖိုးရှိ ဆန်၊ဆီ၊မိုးကာ၊စောင်၊အနွေးထည်၊အမျိုးသမီးဝတ်လုံချည်၊အိမ်သုံး အသုံးအဆောင်များနှင့်ငွေကျပ်၁သိန်းတို့ အရေးပေါ်ကူညီထောက်ပံ့ခဲ့ကြကြောင်း သိရှိရသည်။
အေးကုန်းကျေးရွာရှိ မီးရှို့ခံပြည်သူများ အကူအညီများ အရေးပေါ်လိုအပ်နေပါသဖြင့် ပြည်တွင်းပြည်ပမှ အလှူရှင်များအနေဖြင့် ကူညီဆောင်ရွက်ပေးကြပါရန်လည်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ မေတ္တာရပ်ခံထားသည်။

