34 C
Yangon

ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာကို စစ်တပ်က လေကြောင်းမှ ဗုံးကျဲမှုကြောင့် နေအိမ်များ ထိခိုက် ပျက်စီး

Must read

ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာကို စစ်တပ်က လေကြောင်းမှ ဗုံးကျဲမှုကြောင့် နေအိမ်များ ထိခိုက် ပျက်စီး

ရန်ကုန်၊ နိုဝင်ဘာ ၁၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ဂုတ်တွင်း တံတားအနီးရှိ နောင်ပိန်ကျေးရွာအနီး တဝိုက် ကို အကြမ်းဖက်စစ် ကောင်စီတပ်က လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ နေအိမ်များ ထိခိုက်ပျက်စီး ခဲ့ကြောင်း ဒေသနေ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

နိုဝင်ဘာလ ၁၂ ရက်နေ့ ည ၁၀ နာရီ ၄၂ မိနစ်ခန့်အချိန် ကျောက်မဲမြို့နယ်၊ ဂုတ်တွင်း တံတားအနီး၊ နောင်ပိန် ကျေးရွာ၊ ပင်တိမ်လမ်းခွဲ၊ သက္ကယ်ဘုန်းကြီး ကျောင်းအနောက်ဖက် တစ်ဖာလုံခန့် (မန္တလေး-လားရှိုး လမ်း မကြီး ဘေးဖက်၂ ဖာလုံခန့်) နေရာ၌ ဗုံးသီးတစ်လုံး၊ ၎င်းနေရာအနီးပတ်ဝန်းကျင်နေရာ၌ ဒုတိယ ဗုံးသီး တစ်လုံး စုစုပေါင်း ဗုံးသီး ၂ လုံးကျဲချခဲ့ကြောင်း၊ ဗုံးပေါက်ကွဲမှုပြင်းအားကြောင့် နောင်ပိန် ကျေးရွာနှင့် ဗုံးပေါက်ကွဲနေရာမှ နေအိမ်မှန်တံခါးများ ကွဲကျပျက်စီးခဲ့ကြောင်း၊ ထို့အပြင် သုံးလေးမိုင် ပတ်လည်အထိ တုန်ခါမှုဖြစ်ပေါ်ကာ ပြည်သူများစွာ ထိန့်လန့်တုန်လှုပ် ခဲ့ရကြောင်း သိရသည်။

“ပထမ ဗုံးကျဲချတဲ့ အချိန်နဲ့ ဒုတိယတစ်လုံးကျဲချတဲ့ ကြာချိန် ၂ မိနစ်ခန့်လောက်ပဲ ကြာပါတယ်။ ဒုတိ ယ တစ်လုံးကတော့ တည်နေရာ အတိအကျ မသိရသေးပေမယ့် ပထမတစ်လုံးနဲ့ တစ်မိုင်ပတ်လည် လောက်ကျတာ သိရပါတယ်။ ဗုံးပြင်းအားကြောင့် နောင်ပိန် ပတ်လည် တစ်ရွာလုံး နေ အိမ်တော်တော် များများ ဗုံးဆံတွေနဲ့ ဗုံးရှိန်ကြောင့် မှန်တွေကွဲထွက်သွားပါတယ်။ ဗုံးနှစ်လုံး ဖြစ်စဉ် ကတော့ အင်အား ပြင်းလို့ ၃/၄ မိုင်လောက်ထိကို တုန်ခါတာ၊ လူတိုင်းစိုးရိမ်ထိတ်လန့်ခဲ့ရပါ တယ်။” ဟု ဒေသနေ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဗုံးကျရောက်ပေါက်ကွဲခဲ့ရာ အနီးရှိ သက္ကယ်ဘုန်းကြီးကျောင်းသည် စစ်ဘေးရှောင်ပြည်သူများ ခိုလှုံရာ နေရာဖြစ်ပြီး ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ရထားသံလမ်းရှိ သံတုံးများပါ ပေါက်ပြဲ သွားကြောင်း၊ လူထိခိုက်မှုကြားသိရခြင်းမရှိသေးပဲ လက်ရှိတွင် ပြည်ထောင်စုလမ်းမနှင့် ၃ မိုင်ပတ် လည် နေ ပြည်သူ များ ရှောင်ခိုင်းထားသဖြင့် နီးစပ်ရာဘုန်းကြီးကျောင်းများတွင် စစ် ဘေးရှောင်နေကြ ရကြောင်း သိရ သည်။

“ကျနော့် မိသားစုကတော့ ဒုတိယတစ်လုံးကျတာနဲ့ မိသားစုကို ကားပေါ် အိပ်ယာဆောင်တွေတင်ပြီး လွတ်ရာကို ည ကြီးပြေးခဲ့ရတယ်။ ဒီမနက်စောစော အိမ်ပြန်လာကြည့်တော့ ဗုံးစသံတွေ ၂ မိုင်ပတ်လည် အိမ်တွေ အိမ်တွေထိခိုက်သွားတာ မြင်တွေ့ရပါတယ်။ ဗုံးကျတယ့်နေရာနဲ့ သံလမ်း ကပ်လျက်ဖြစ်တာ ကြောင့် သံလမ်းက သံတွေပါ ပေါက်ပြဲသွားတာကို လည်းတွေ့ရပါတယ်။ လူထိခိုက်မှုတော့ ကြားသိရသ လောက်တော့ မရှိဘူးဗျ၊” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆို သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article