Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၁၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်By ရန်ကုန်ခေတ်သစ်ဒီကနေ့ နိုဝင်ဘာ ၁၄ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့- ရခိုင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ ရဲစခန်း ၂ ခုက ရဲတပ်ဖွဲ့ဝင်တွေဟာ ရခိုင့်တပ်တော် AA တပ်ဖွဲ့တွေဆီမှာ လက်နက်ချ အလင်းဝင်ခဲ့ပြီး ၊ ရဲစခန်း ၇ ခုက စခန်းစွန့်ခွာသွားကြပြီလို့ ဒေသတွင်း သတင်းရင်းမြစ်က ပြောပါတယ်။- ရခိုင်ပြည်နယ်က တိုက်ပွဲတွေမှာ စစ်တပ်ဘက်က ၂၄ ဦးသေသွားပြီး ၊ ခမရ ၃၄၄ က ဒုတပ်ရင်းမှူး ဗိုလ်မှူး အပါအဝင် ၁၁ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိထားသလို ၊ ရဲ ၂၈ ဦးကတော့ လက် နက်ချ အလင်းဝင်ခဲ့ကြ တယ်လို့ ရခိုင့်တပ်တော် AA ကနေ တရားဝင် သတင်းထုတ်ပြန်လိုက်ပါတယ်။