ရန်ကုန်၊ မတ်လ ၂၇ ရက်
တရားမဝင် စစ်ကောင်စီကို ဆန့်ကျင်မှု မရှိသလောက် နည်းပါးသည့် ယုန်လေး၊ နေတိုး၊ ခန့်စည်သူအပါအဝင် အနုပညာရှင် ၄၈ ဦးကို မင်းအောင်လှိုင်က လူမှုထူးချွန်ဆုပေးအပ်ကြောင်း စစ်တပ်ဘက်က သတင်းထုတ်ပြန်သည်။
ယနေ့ မတ်လ၂၇ ရက်နေ့တွင်ကျရောက်သည့် ဖက်ဆစ်တော်လှန်ရေးနေ့တွင် အနုပညာရှင်များဖြစ်သည့် ရုပ်ရှင် ဗီဒီယိုသရုပ် နေတိုး၊ ယုန်လေး၊ ခန့်စည်သူ၊ ကျော်ရဲအောင်၊ အပါအဝင် အနုပညာ ၄၈ ဦးကို စစ်ကောင်စီက လူမှုထူးချွန်ဆု ပေးခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါစစ်ကောင်စီက လူမှုထူးချွန်တံဆိပ်ကို ပထမ၊ ဒုတိယနှင့် တတိယအဆင့်များသတ်မှတ်ထားပြီး ပထမအဆင့်တွင်နေတိုး၊ မိုးမိုးမြင့်အောင်၊ ချိုပြုံး၊ နေအောင်၊ ထွန်းအိန္ဒြာဗို စသည့်အနုပညာသည်များ ပါဝင်ကြောင်း သိရှိရသည်။