Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၁၅ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ နိုဝင်ဘာ ၁၅ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
– ကရင်နီပြည်နယ်မှာ လွိုင်ကော်မြို့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၂ ဦး လက်နက်ချ အညံ့ခံခဲ့ပြီး ၊ လွိုင်ကော် မြို့က တိုက်ပွဲအတွင်းမှာလည်း ခမရ ၄၂၅ နဲ့ ခမရ ၆ က တပ်ရင်းမှူး ၊ ဒုတပ်ရင်းမှူး အပါအဝင် စစ်သား အယောက် ၁၁၀ ကျော် သေထားတယ်လို့ KNDF ကနေ တရားဝင် သတင်းထုတ်ပြန် ထားပါတယ်။
– ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်က အကြမ်းဖက် စစ်ကောင်စီရဲ့ သီးဘွာ-စခန်းကို CNDF ကနေ ဒီကနေ့ မနက်ပိုင်းက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ၊ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေဟာ အိန္ဒိယ နိုင်ငံထဲကို ရောက်သွားပြန်တယ်လို CNDF သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်ကိုပြောပါတယ်။
– အကြမ်းဖက်စစ်တပ် ဒေါက်တိုင် အာဏာရှင်ဟောင်း အေးနေဝင်း နဲ့ စီးပွားဘက်လည်းဖြစ်၊ လေတပ်အတွက် စစ်ပစ္စည်းတွေ တင်သွင်းပေးနေသူ လုပ်ငန်းရှင် အောင်ကျော်မြင့် ဟာ ချင်းရွှေဟော်မှာ ပစ်ခတ်ခံရပြီးသေသွား တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။