21.1 C
Yangon

ပုလဲမြို့ပေါ်ရှိ မြို့မ ရဲစခန်းနှင့် ထွေအုပ်ရုံးတို့ကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံး

Must read

ပုလဲမြို့ပေါ်ရှိ မြို့မ ရဲစခန်းနှင့် ထွေအုပ်ရုံးတို့ကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁၅

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်ရှိ မြို့မ ရဲစခန်းနှင့် အထွေထွေအုပ်ချုပ်ဦးစီးဌာန တို့ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံးခဲ့ကြောင်း ပခုက္ကူခရိုင်တပ်ရင်း ၁၄ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက် ၇ နာရီ ၁၅ မိနစ်က စတင်ကာ ပုလဲမြို့ အထွေထွေ အုပ်ချုပ်ဦးစီးဌာနရုံး နှင့် မြို့မ ရဲစခန်းတို့ကို တော်လှန်ရေး တပ်ဖွဲ့များက မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိတွေ့ တိုက်ပွဲအတွင်း တော်လှန်ရေး တပ်ဖွဲ့များက မြို့ပေါ်အနှံ့ ဝင်ရောက် နေရာယူခဲ့ပြီး ရဲစခန်းနှင့် ထွေအုပ်ရုံးကို အပြီး ချေမှုန်းရန် ကြိုးစား တိုက်ခိုက်ခဲ့သော်လည်း ဆားလင်းကြီးမြို့နယ် ကျားတက်ကျေးရွာ အတွင်းတပ်စွဲထားသော အင်းအာ ၆၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက စစ်ကူ လာရောက် တပ်ကူပေးသောကြောင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

ယင်း တိုက်ခိုက်မှု​ကြောင့် ရဲစခန်းအတွင်းမှ စစ်ကောင်စီ တပ်သား ကံကောင်းနှင့် ကိုကိုနိုင် အပါအဝင် အမည်မသိ ၇ ဦး သေဆုံးခဲ့ပြီး ထွေအုပ်ရုံးအတွင်းမှ သေဆုံးသူ မည်မျှရှိသည်ကို စုံစမ်းလျက်ရှိကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပခုက္ကူခရိုင်တပ်ရင်း ၁၄ ၊ ပခုက္ကူခရိုင်တပ်ရင်း ၁၅ (ကျားသစ်နက်) ၊ ယင်းမာပင်ခရိုင်အမှတ် ၁၁ တပ်ရင်း ၊ ပခုက္ကူခရိုင် အမှတ် ၁၇ တပ်ရင်း တပ်ခွဲ -၂ (သံမဏိသိန်းငှက် )၊ ယင်းမာပင်ခရိုင် တပ်မဟာ စစ်ကြောင်းနှင့် PCL (LDF) မြိုင် ၊ နဂါးနီ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ (မြိုင်) ၊ ယင်းမာပင်ခရိုင် တပ်ရင်း (၁၇) ၊ ယင်းမာပင်ခရိုင် တပ်ရင်း (၂၉) စသည့် ညီနောင်မဟာမိတ်အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article