Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၁၆ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ နိုဝင်ဘာ ၁၆ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့မှာ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲပြင်း ထန်နေပြီး ပြည်သူ ၅သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကျေးလက်မြေအဖွဲ့ တာဝန်ခံ ဦးဇော်မင်းထိုက်က ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောပါတယ်။
– ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်မှာ စစ်ကောင်စီစခန်းတွေကို ဆက်တိုက်သိမ်းပိုက်နေပြီး သိမ်းဆည်း ရရှိတဲ့ စခန်း ၁၄၇ ခုရှိလာကာ မနေ့က စခန်းသိမ်းတိုက်ပွဲမှာလည်း စစ်တပ်ဘက်က အယောက် ၂၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ MNDAA က သတင်းထုတ်ပြန်ပါတယ်။
– ကရင်နီပြည်နယ်၊ လွိုင်ကော်မှာ လက်နက်ချအညံ့ခံတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၂ ဦးကို KNDF က ကူညီစောင့်ရှောက်ထားတယ်လို့ KNDF က တရားဝင်သတင်းထုတ်ပြန်ထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။