30 C
Yangon

ပြည်ကြီးတံခွန်၊ မတ္တရာနှင့် မုံရွာတို့တွင် စစ်ကောင်စီ တပ်သားများကို ဖောက်ခွဲ ပစ်ခတ် တိုက်ခိုက်မှု ၃ ဦးသေဆုံး

Must read

ပြည်ကြီးတံခွန်၊ မတ္တရာနှင့် မုံရွာတို့တွင် စစ်ကောင်စီ တပ်သားများကို ဖောက်ခွဲ ပစ်ခတ် တိုက်ခိုက်မှု ၃ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁၆

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၃၅ လမ်း၊ လမ်း ၆၀ ၊ ၆၁ လမ်းကြားရှိ (ဈ)ရပ်ကွက်ရုံးကို ဗုံးပစ် တိုက်ခိုက်ခဲ့ကြောင်း မန္တလေးခရိုင် တပ်ရင်း ၃ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ နိုဝင်ဘာလ ၁၅ ရက် မွန်းတည့် ၁၂ နာရီ မိနစ် ၅၀ ခန့်က ပြည်ကြီးတံခွန်မြို့နယ်၊ (ဈ)ရပ် ကွက်ရုံး၌ တပ်စွဲနေထိုင်သော အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို ရွှေပြည်စိုး စစ်ဆင်ရေးအဖြစ် ဗုံးသီး တစ်လုံး ပစ်တ် တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သား၊ ပျူစောထီးများ ထိခိုက်မှု အခြေကို မြို့ပြအခြေအနေအရ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မန္တလးခရိုင် တပ်ရင်း ၃ တပ်ခွဲ ၂ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး “ရွှေ ပြည်စိုး”စစ်ဆင်ရေးကို ဆက်လက်အရှိန်မြှင့်တင်သွားမည်ဖြစ်သဖြင့် မန္တလေးမြို့နေ ပြည်သူများ အနေ ဖြင့် ရွှေပြည်စိုးစစ်ဆင်ရေးမှ အချိန်အခါအလိုက်၊ နေရာဒေသအလိုက် ထုတ်ပြန်လာသော သတိပေး ချက်များကို လိုက်နာပေးကြပါရန်နှင့် သတိပေးချက် ထုတ်ပြန်ထားရာ နေရာကို ရောက်ရှိနေပါက နာရီ ဝက်အတွင်း ဘေးလွတ်ရာသို့ ရှောင်းရှားနေထိုင်ပေးကြပါရန် အသိပေး​ ထုတ်ပြန်ထားသည်။

ထို့ပြင် မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ညောင်ကုန်းကျေးရွာနေ အကြမ်းဖက်စစ်တပ် ထောက်တိုင် အုပ် ချုပ်ရေးမှူး ပျူနေမျိုးအောင်ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း Generation Z Power တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

နိုဝင်ဘာလ ၁၄ ရက် ညနေ ၅ နာရီခန့်က မတ္တရာမြို့နယ်၊ ညောင်ကုန်းရွာနေ အကြမ်းဖက်စစ်ကောင်စီ ခန့် အုပ်ချုပ်ရေးမှူး ပျူနေမျိုးအောင်ကို သေနတ်ဖြင့် ၂ ချက်ပစ်ခတ်ခဲ့ရာ နေရာမှာပင် ပွဲချာင်းပြီး သေ ဆုံးသွားပြီး လက်လုပ် သေနတ် ၂ လက်နှင့် ပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်ရှင်းလင်းမှုကို ပြည်သူ့ကာကွယ်ရေးမြို့ပြပြောက်ကျားတပ်ဖွဲ့(မန္တလေး) – Generation Z Power (Mandalay) နှင့် ပုသိမ်ကြီးမြို့နယ် ပကဖ တို့ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-ချောင်းဦးလမ်းပိုင်း၌ ကင်းပုန်းဝပ်နေသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Black Hero Local PDF မှ တာဝန်ရှိသူတစ် ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ နိုဝင်ဘာလ ၁၆ ရက် မွန်းလွဲ ၁ နာရီ ၅၅ မိနစ်ခန့်က စွမ်းရည်ထက်ဆိုင်မှ အင်အား ၃၀ ခန့်ဖြင့် ထွက်လာပြီး မုံရွာ – ချောင်းဦးလမ်းပိုင်း တောပုရွာထိပ်၌ ကင်းပုန်းဝပ်နေသော အကြမ်းဖက်စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို Black Hero Local PDF တပ်ဖွဲ့မှ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည် သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article