32 C
Yangon

ရေတာရှည်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး လေယာဥ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၂ ဦးဒဏ်ရာရကာ နေအိမ်များပျက်စီး၊ နမ့်ခမ်းတွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နေအိမ် ၂ လုံးပျက်စီး

Must read

ရေတာရှည်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး လေယာဥ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၂ ဦးဒဏ်ရာရကာ နေအိမ်များပျက်စီး၊ နမ့်ခမ်းတွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နေအိမ် ၂ လုံးပျက်စီး

ရန်ကုန်၊ နို၀င်ဘာ ၁၈

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး လေယာဥ်ဖြင့် ဗုံးကျဲခြင်းကြောင့် ပြည်သူ ၂ ဦးဒဏ်ရာရကာ နေအိမ်များ ပျက်စီးခဲ့ကြောင်း တောင်ငူခရိုင် ပြည်သူ့ ကာကွယ်ရေး အဖွဲ့ထံမှ သိရသည်။

နို၀င်ဘာ ၁၇ ရက်နေ့ မနက် ၉ နာရီခန့်တွင် ဆွာမြို့၊ ခမရ ၁၉ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး ရွာသစ်ကျေးရွာ အရှေ့ဘက် ဘုန်းကြီးကျောင်းအနီး ကျရောက် ပေါက်ကွဲကာ အသက် ၄၀ အရွယ် ဦးသိန်း၀င်း၊ အသက် ၃၀ အရွယ် ကိုကြီးကျော် တို့ ထိခိုက်ဒဏ်ရာရပြီး အသက် ၅ နှစ်အရွယ် ကလေးငယ် ၁ ဦးမှာ လက်နက်ကြီး ပေါက်ကွဲအားကြောင့် မေ့မျောသွားကြောင်း သိရှိရသည်။

ယင်းနေ့ နံနက် ၁၀ နာရီ ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ရဟတ်ယာဥ်နှင့် တိုက်လေယာဉ်များက ပိတောက်ကုန်းကျေးရွာ အတွင်းကို ဗုံးကျဲ ခဲ့သောကြောင့် နေအိမ် အချို့ ပျက်စီးခဲ့ကြောင်းသိရသည်။

ယနေ့ နို၀င်ဘာ ၁၈ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဆွာရွာမကျေးရွာအတွင်း ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများ၌ အင်အား ၅၀ ခန့်ဖြင့် တပ်စွဲထားကြောင်း သိရှိရသည်။

အလားတူ ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နေအိမ် ၂ လုံးပျက်စီးခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။

ယနေ့ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် နမ့်ခမ်းမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် နမ့်ခမ်း၊ မန်တပ်စခန်းနှင့် နမ့်ဖတ်ကာ စစ်ကောင်စီတပ်စခန်းက တိုက်ပွဲဖြစ်ပွားရာ နမ့်ခမ်းဘက်သို့ လက်နက်ကြီးပစ်ကူ ၂၅ ကြိမ် ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း၊ Jet Fighter ဖြင့် ၃ ကြိမ် ဗုံးကျဲပစ်ခတ်ခဲ့ပြီး နမ့်ခမ်းမြို့နယ်ရှိ စစ်တပ်၏ ခလရ-၁၄၄ မန်တပ် တပ်စခန်းမှ တိုက်ပွဲဖြစ်ပွားရာ နမ့်ခမ်းဘက်သို့ လက်နက်ကြီးဖြင့် ၆ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် နမ့်ခမ်းမြို့ အောင်ချမ်းသာရပ်ကွက်ရှိ နေအိမ်ပေါ် ကျရောက် ပေါက်ကွဲပြီး အိမ် ၂ လုံး ပျက်ဆီးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article