27 C
Yangon

ကောလင်းခရိုင်အတွင်းရှိ CDM ဝန်ထမ်းများ ပြန်လည် တာဝန်ထမ်းဆောင်ရန် ဖိတ်ခေါ်

Must read

ကောလင်းခရိုင်အတွင်းရှိ CDM ဝန်ထမ်းများ ပြန်လည် တာဝန်ထမ်းဆောင်ရန် ဖိတ်ခေါ်

ရန်ကုန်၊ နိုဝင်ဘာ ၁၈

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်အတွင်းရှိ CDM ဝန်ထမ်းများ ပြန်လည်တာဝန်ထမ်းဆောင်ပေးကြပါရန် ကောလင်းခရိုင် အရေးပေါ်အုပ်ချုပ်ရေးဆိုင်ရာ ခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့က ဖိတ်ခေါ်ထားကြောင်း သိရသည်။

ယနေ့ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေး အစိုးရ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင် အရေးပေါ်အုပ်ချုပ်ရေးဆိုင်ရာ ခရိုင်ပေါင်းစပ် ညှိနှိုင်း ရေးအဖွဲ့မှ ကြေညာချက်အမှတ် ၃/၂၀၂၃ ဖြင့် ကောလင်းခရိုင်၊ မြို့နယ်အတွင်းမှ (Civil Disobedience Movement)တွင် ပါဝင်ခဲ့သည့် ဝန်ထမ်းများအား ဖိတ်ခေါ်ခြင်းကို ထုတ်ပြန် ကြေညာ ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၆ ရက်နေ့တွင် ‌စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ကောလင်းမြို့ကို အမှတ် ၁ စစ်ဒေသ ခရိုင် ကွပ်ကဲမှု အစီအစဉ်ဖြင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) နှင့် တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ကောလင်း ခရိုင် အရေးပေါ်အုပ်ချုပ်ရေးဆိုင်ရာ ခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ကို အမျိုးသားညီညွတ်ရေး အစိုးရ၊ ကြားကာလဒေသန္တရအုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အမိန့် အမှတ် ၁/၂၀၂၃ ဖြင့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ကောလင်းခရိုင်၊ ကောလင်းမြို့ကို သိမ်းပိုက်ပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့မှ ဆောင်ရွက်နေသည့် အုပ်ချုပ်ရေး လုပ်ငန်းစဉ်များ၊ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများတွင် ကောလင်းခ ရိုင်၊ မြို့နယ်အတွင်းရှိ ဌာနအသီးသီးမှ CDM ဝန်ထမ်းများအနေဖြင့် ခရိုင်/မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ များထံသို့ ဆက်သွယ် သတင်းပေးပို့ တာဝန်ထမ်းဆောင်နိုင်ပါကြောင်း အသိပေး ဖိတ်ခေါ်ထား ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article