လောက်ကိုင်မြို့အတွင်းရှိ တရုတ်နိုင်ငံသားများ၊ အရပ်သားများကို MNDAA ကိုးကန့်က သတိပေးချက် ထပ်မံထုတ်ပြန်
ရန်ကုန်၊ နိုဝင်ဘာ ၁၈
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့အတွင်းရှိ တရုတ်နိုင်ငံသားများ၊ အရပ်သားများနှင့်ပတ်သက်၍ MNDAA ကိုးကန့်က ယနေ့ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် သတိပေးချက် ထပ်မံထုတ်ပြန်သည်။
ကိုးကန့်တပ်မတော် (MNDAA) က လောက်ကိုင်မြို့နေ အရပ်သားပြည်သူများကို အသိပေးထုတ်ပြန်လိုက်ကြောင်း၊ အဆိုပါ အချက်များတွင်
၁- လောက်ကိုင်အတွင်းရှိ တရုတ်နိုင်ငံသားများအနေဖြင့် အသက်ဘေးအန္တရာယ်လုံခြုံရေးအတွက် မိမိနိုင်ငံသို အမြန်ဆုံးပြန်ကြရန်။
၂။ လောက်ကိုင်အတွင်း မှီတင်းနေထိုင်ကြသော အရပ်သားများအနေဖြင့် စစ်ကောင်စီ၏ အုပ်ချုပ်ရေးဌာန၊ တပ်စခန်းများနှင့် အမြန်ဆုံး တတ်နိုင်သမျှ ဝေးဝေးတွင် နေကြပါရန်။
၃။ လောက်ကိုင်အနီးတစ်ဝိုက်တစ်ခုလုံးသည် စစ်မြေပြင်များဖြစ်သည့်အတွက်ကြောင့် စစ်ကောင်စီ၏ပစ်ခတ် တိုက်ခိုက်မှုမှ ကာကွယ်ရန်အတွက် အရပ်သားများအနေဖြင့် မိမိသဘောဖြင့် နေရာပြောင်းရွှေ့သည်များ မပြုလုပ်ကြရန်။
၄။ အထက်ပါ အသိပေးချက်များကို အလေးထားလိုက်နာပေးပါရန်နှင့် ချိုးဖောက်ပါက မိမိကိုယ်တိုင်တာဝန်ယူရန် တို့ဖြစ်ကြောင်း MNDAA က အသိပေးချက်ထုတ်ပြန်ထားသည်။
လက်ရှိတွင် လောက်ကိုင်မြို့အတွင်း ပြည်သူများ အများအပြား ပိတ်မိနေပြီး အဆိုပါ ပြည်သူများက ရက်အနည်းငယ် ထွက်ပြေးတိမ်းရှောင်နိုင်ရေး လမ်းများဖွင့်လှစ်ပေးရန် တောင်းဆိုလျက်ရှိကြောင်း သိရှိရသည်။