28 C
Yangon

နမ့်ခမ်းမြို့ရှိ စစ်ကောင်စီ၏ စခန်းသစ် လုံခြုံရေးကုန်းကို TNLA တိုက်ခိုက်သိမ်းပိုက်ရရှိပြီး စစ်တပ်က အဆိပ်ငွေ့ဗုံးဖြင့်တိုက်ခိုက်ဟုဆို

Must read

နမ့်ခမ်းမြို့ရှိ စစ်ကောင်စီ၏ စခန်းသစ် လုံခြုံရေးကုန်းကို TNLA တိုက်ခိုက်သိမ်းပိုက်ရရှိပြီး စစ်တပ်က အဆိပ်ငွေ့ဗုံးဖြင့်တိုက်ခိုက်ဟုဆို

■ MNDAA က စစ်ကောင်စီ၏ စခန်းပေါင်း ၁၅၂ ခု ရရှိထားပြီး စစ်တပ်က ပြည်သူတချို့ကို လူသားဒိုင်းအဖြစ် အသုံးပြုသတ်ဖြတ်

ရန်ကုန်၊ နိုဝင်ဘာ ၁၈

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို စစ်ကောင်စီ၏ စခန်းသစ်တပ်စခန်းကို နိုဝင်ဘာလ ၁၇ရက်နေ့ နံနက် ၆ နာရီမှ ညနက် သန်းခေါင်ယံအထိ တအာင်းတပ်မတော် PSLF/TNLA မှ တိုက်ခိုက်ခဲ့ပြီးနောက် စခန်းကို ရရှိသိမ်းပိုက်နိုင်ခဲ့ကြောင်း TNLA က ပြောသည်။

စစ်ကောင်စီ၏ စခန်းသစ်တပ် လုံခြုံရေးကုန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ရာတွင် စခန်သစ်လုံခြုံရေးကုန်းတွင် စစ်သားအလောင်းနှင့် လက်နက်ကြီး/ငယ် မျိုးစုံ (၁၃) လက်သိမ်းဆည်းရခဲ့မိကြောင်း၊ TNLA က တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ထားနိုင်ခဲ့သည့် စခန်းသစ် လုံခြုံရေးကုန်းနေရာတွင် ယနေ့နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံးဖြင့် အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း၊ အဆိပ်ဗုံးမှ အဆိပ်ငွေ့ကြောင့် တအာင်းတပ်မတော် TNLA ရဲဘော်အချိုသည် အဆိပ်ငွေ့သင့်ပြီး ဆေးကုသခံယူရကြောင်း၊ အလားတူ နိုဝင်ဘာလ ၄ရက်နေ့တွင်လည်း လားရှိးမြိုနယ်၊ စစ်ကောင်စီ မိုင်းကျက်တပ်စခန်းအား တိုက်ခိုက်စဥ်တွင် စစ်ကောင်စီတပ်မှ အဆိပ်ငွေ့ဗုံးဖြင့် အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း TNLA က ဆိုသည်။

အလားတူ MNDAA ကိုးကန့်က နိုင်ဝင်ဘာလ ၁၇ ရက်နေ့ ၁၀၂၇ စစ်‌ဆင်ရေးဖော်ဆောင်ခဲ့သည့် ၂၂ ရက်မြောက်တွင် ကိုးကန့်ခရိုင်၊ ရှီးရှမ်းဒေသ၊ ချင်ချိုမ့်ထန်ရွာအနီးရှိ တပ်စခန်း ၁ ခုကို ထပ်မံသိမ်းပိုက်နိုင် ခဲ့ပြီး စစ်ကောင်စီ၏ တပ်စခန်းစုစုပေါင်း (၁၅၂) ကိုသိမ်းပိုက်နိုင်ခဲ့ကြောင်း တရားဝင်သတင်းထုတ်ပြန်သည်။

လက်ရှိတွင် အရေးနိမ့်နေသော စစ်ကောင်စီတပ်ဖွဲ့က အရပ်သားကို လူသားဒိုင်းကာအဖြစ်ခေါ်ဆောင်သတ်ဖြတ်ခြင်းများ ကျူးလွန်နေကြောင်း MNDAA က ဆိုသည်။

နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန် MNDAA က ကိုးကန့်ခရိုင်၊ ဟုန်ရှင်းဒေသ ၊ ရှင့်ထန်အုပ်စုတွင် နယ်မြေရှင်းလင်းရေးနှင့် စစ်ကောင်စီ၏အကြွင်းအကျန်အဖွဲ့ဝင်များကို ရှင်းလင်းသုတ်သင်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ ရှင့်ထန်အုပ်စု၏စစ်ဆေးရေးဂိတ်အနီး ရှင်းလင်းရေးလုပ်ငန်းလုပ်ဆောင်ချိန်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅ ဦးကို တွေ့ရှိပြီး စစ်သား ၅ ဦးက အရပ်သား ၂ ဦးကို လူသားဒိုင်း ကာအဖြစ်ချုပ်နှောင်ခေါ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ကိုးကန့်(MNDAA)အဖွဲ့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးကို ဝန်းရံပိတ်ဆို့လိုက်ပြီးနောက် စစ်သား ၅ ဦးက ဓားစာခံအရပ်သား ပြည်သူ ၂ ဦးကို သေနတ် ဖြင့်ပစ်သတ်ခဲ့ကြောင်း၊ ထိုသို့ စစ်တပ်အဖွဲ့ဝင် ၅ ဦး၏ ပစ်ခတ်မှုကြောင့် အရပ်သား ပြည်သူ ၁ ဦး သေဆုံးပြီး ၁ ဦးဒဏ်ရာရရှိကြောင်း၊ MNDAA က အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင် အကြွင်းအကျန် ၅ ဦးကို ချေမှုန်းလိုက်ပြီး ပစ္စတိ ၁ လက် ၊ ကျည်ဘောက်၁ ခု ၊ ကျည်ဆံ ၁၆ တောင့် ၊ လက်ကိုင်ဖုန်း ၃ လုံး ၊ တရုတ်ငွေ ၁၁၆၀ ယွမ် ၊ မြန်မာ‌ငွေ ၄၇၅၀၀၀ကျပ် နှင့် ဂဏာန်းပေါင်းစက် ၁ ခု စသည့်ပစ္စည်းများကိုသိမ်းဆည်းရမိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article